Biblia Todo Logo
La Biblia Online
- Anuncios -




ယာ​ကုပ် 2:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​နှင့်​စပ်လျဉ်း၍ ခေါ်ဝေါ်​သမုတ်​သည့် ကောင်းမြတ်​သော​နာမ​ကို သူ​တို့​စော်ကား​ပြောဆို​ကြ​သည်​မ​ဟုတ်​လော။

Ver Capítulo Copiar

Common Language Bible

7 သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။

Ver Capítulo Copiar

Garrad Bible

7 သင် တို့ သ မုတ် ခံ သော နာ မ တော် မြတ် ကို ပုတ် ခတ် ခြင်း ပြု ကြ သည် မ ဟုတ် လော။

Ver Capítulo Copiar

Judson Bible

7 သင်​တို့​ကို​သ​မုတ်​သော နာ​မ​တော်​မြတ်​ကို သူ​တို့​သည် ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သူတို့​သည် သင်တို့​ခံယူ​ရရှိသည့် ကောင်းမြတ်သော​နာမတော်​ကို ရှုတ်ချသူများ​ဖြစ်သည် မဟုတ်လော။

Ver Capítulo Copiar




ယာ​ကုပ် 2:7
23 Referencias Cruzadas  

ကိုယ်တော်​သည် ရွေးနုတ်ကယ်တင်​ခြင်း​ကို မိမိ​၏​လူမျိုး​တော်​ထံ​စေလွှတ်​၍ မိမိ​၏​ပဋိညာဉ်​တော်​ကို ထာဝရ​အတွက် ချမှတ်​ထား​တော်မူ​၏​။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​၍ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။


အရှင်​၏​နံ့သာဆီရနံ့​သည် အလွန်​မွှေးကြိုင်​ပါ​၏​။ အရှင့်​နာမ​သည် ဆွတ်​ထား​သော​နံ့သာဆီ​ကဲ့သို့ မွှေး​ပါ​၏​။ ထို့ကြောင့် မိန်းမပျို​တိုင်း အရှင့်​ကို ချစ်နှစ်သက်​ကြ​ပါ​၏​။


သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​၏​နာမည်​သည် ငါ​ရွေးချယ်​သော​သူ​တို့ ကျိန်ဆဲစရာ​အဖြစ် ကျန်ရစ်​မည်​။ အရှင်​ထာဝရဘုရား​သည် သင့်​ကို​ကွပ်မျက်​တော်မူ​မည်​။ မိမိ​၏​အစေအပါး​များ​ကို​ကား အခြား​နာမည်​ဖြင့် ခေါ်​တော်မူ​မည်​။


ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု​ခေါ်​ကြ​လိမ့်မည်​။


ထို​ဘုရင်​လက်ထက်​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​ဘုရင်​၏​နာမ​ကို​ကား ‘​ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​’​ဟု ခေါ်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


“ကြည့်ရှု​လော့။ အပျို​ကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု ခေါ်​ကြ​လိမ့်မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သည့်​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ (ဧမာနွေလ​၏​အဓိပ္ပာယ်​မှာ “ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ဘုရားသခင်”​ဟူ၍ ဖြစ်​၏။)


ဖာရိရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြောဆို​ကြ​၏။


“အရှင်၊ ထို​လှည့်ဖြား​သော​သူ​အသက်ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထမြောက်​မည်’​ဟု ပြောဆို​ခဲ့​သည်​ကို အကျွန်ုပ်​တို့ မှတ်မိ​ပါ​သည်။


သူ့​ကို​တွေ့​လျှင် အန္တိအုတ်​မြို့​သို့​ခေါ်လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်လုံး အသင်းတော်​၌​စုဝေး​လျက် များစွာ​သော​လူ​တို့​ကို သွန်သင်​ကြ​၏။ တပည့်​တော်​တို့​သည် ထို​အန္တိအုတ်​မြို့​၌ “ခရစ်ယာန်”​ဟု ပထမ​ဦးဆုံး​ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​၏။


ဤသည်ကား ကြွင်းကျန်​သော​လူ​တို့​နှင့် ငါ​၏​နာမ​ဖြင့် ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သော လူမျိုးခြား​အပေါင်း​တို့​သည် ထာဝရ​ဘုရား​ကို ရှာဖွေ​ကြ​မည့်​အကြောင်း​တည်း​ဟု


ဝတ်ပြု​စည်းဝေး​ကျောင်း​တိုင်း​တွင်​လည်း သူ​တို့​ကို မကြာခဏ​ပြစ်ဒဏ်​ပေး​လျက် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​ရန် အတင်းအကျပ်​စေခိုင်း​ခဲ့​ပါ​သည်။ ထိုမျှမက သူ​တို့​အပေါ် အလွန်​ဒေါသ​ထွက်​၍ တိုင်းတစ်ပါး​မြို့​များ​သို့​တိုင်အောင် သူ​တို့​ကို လိုက်လံ​ညှဉ်းဆဲ​ခဲ့​ပါ​သည်။


ကယ်တင်​ခြင်း​သည် အခြား​မည်သူ​၌​မျှ​မ​ရှိ။ အကြောင်းမူကား ထို​နာမ​မှတစ်ပါး ငါ​တို့​အား​ကယ်တင်​မည့်​အခြား​သော​နာမ​ကို ကောင်းကင်​အောက် လူ​တို့​၌​ပေးအပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။


ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။


သို့သော် တစ်စုံတစ်ဦး​သည် ခရစ်ယာန်​အဖြစ် ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျှင် ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ထို​အမည်​နာမ​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ပါစေ။


သူ​သည် သွေး​၌​နှစ်​ထား​သော​ဝတ်ရုံ​ကို​ဝတ်​ထား​လျက် သူ​၏​အမည်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​ဟု ခေါ်​၏။


သူ​၏​ဝတ်ရုံ​နှင့်​ပေါင်​တို့​၌ “ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်”​ဟု ရေး​ထား​သော​ဘွဲ့​နာမ​ရှိ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos