ယာကုပ် 1:18 - မြန်မာ့စံမီသမ္မာကျမ်း18 ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။ Ver CapítuloCommon Language Bible18 ကိုယ်တော်သည်ဖန်ဆင်းတော်မူသောသတ္တဝါ များတွင်အဦးဆုံးနေရာ၌ရှိကြစေရန် သမ္မာ တရားတော်အားဖြင့်မိမိ၏အလိုတော်နှင့် အညီငါတို့အားဖြစ်ပွားစေတော်မူ၏။ Ver CapítuloGarrad Bible18 ဖန် ဆင်း တော် မူ ရာ သ တ္တ ဝါ တို့ တွင် ကောက် ဦး သ ဖွယ် ဖြစ် စေ ရန် ငါ တို့ ကို သ မ္မာ တ ရား တော် အား ဖြင့် အ လို တော် အ တိုင်း ဖြစ် ပွား စေ တော် မူ ခဲ့ ၏။ Ver CapítuloJudson Bible18 နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှာ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဖွားစေတော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။ Ver Capítulo |
“ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း အာဗြဟံသည် မိမိယုံကြည်သောဘုရားသခင်တည်းဟူသော သေလွန်သောသူတို့ကိုအသက်ရှင်စေ၍ ဖြစ်တည်ခြင်းမရှိသည့်အရာများကိုဖြစ်ပေါ်လာစေရန် အမိန့်ပေးနိုင်သောဘုရားသခင်ရှေ့တော်၌ ငါတို့အားလုံး၏ဖခင်ဖြစ်၏။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။