မဿဲ 9:18 - မြန်မာ့စံမီသမ္မာကျမ်း18 ကိုယ်တော်သည် ဤအကြောင်းအရာများကိုမြွက်ဆိုတော်မူစဉ် အကြီးအကဲတစ်ဦးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆုံးသွားပါသည်။ သို့သော် ကြွလာ၍ ကိုယ်တော်၏လက်တော်ကို သူ့အပေါ်တင်တော်မူလျှင် အသက်ရှင်လာပါလိမ့်မည်”ဟု လျှောက်လေ၏။ Ver CapítuloCommon Language Bible18 သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။ Ver CapítuloGarrad Bible18 ထို သို့ မိန့် တော် မူ စဉ် ကျောင်း ဒါ ယ ကာ တစ် ဦး သည် ချဉ်း ကပ် ရှိ ခိုး လျက် အ ကျွန်ုပ်၏ သ မီး သည် ယ ခု ပင် သေ ဆုံး ပါ ပြီ။ သို့ သော် လည်း ကိုယ် တော် သည် ကြွ၍ လက် တင် တော် မူ လျှင် အ သက် ရှင် ပြန် ပါ လိမ့် မည် ဟု လျှောက် သော်၊ Ver CapítuloJudson Bible18 ထိုစကားကို မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် လာ၍ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 ဤအရာများကို မိန့်တော်မူစဉ် ထိုအရပ်မှ ခေါင်းဆောင်တစ်ဦးသည် ယေရှုထံတော်သို့လာ၍ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “အကျွန်ုပ်၏သမီးသည် ယခုပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်သည်ကြွလာ၍ သူ့အပေါ်၌ လက်တော်ကို တင်ပါက သူသည် အသက်ရှင်ပါလိမ့်မည်” ဟု လျှောက်လေ၏။ Ver Capítuloမြန်မာ18 ထိုစကားကို မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် လာ၍ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု လျှောက်၏။- Ver Capítulo |