မဿဲ 6:25 - မြန်မာ့စံမီသမ္မာကျမ်း25 သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့၏အသက်ရှင်ရေးအတွက် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်းဟူ၍လည်းကောင်း၊ သင်တို့၏ကိုယ်ခန္ဓာအတွက် မည်သည့်အရာကို ဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက် အရေးကြီးသည်မဟုတ်လော။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီးသည်မဟုတ်လော။ Ver CapítuloCommon Language Bible25 ``ထိုကြောင့်သင်တို့အားငါဆိုသည်ကားသင်တို့ သည်အဘယ်အရာကိုစားသောက်ရပါမည်နည်း ဟု အသက်ရှင်ရေးအတွက်မစိုးရိမ်ကြနှင့်။ အဘယ် အရာကိုဝတ်ရပါမည်နည်းဟုကိုယ်ခန္ဓာအတွက် မစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက် ထက်လည်းကောင်း၊ ကိုယ်ခန္ဓာသည်အဝတ်ထက်လည်း ကောင်းပို၍အရေးကြီးသည်မဟုတ်လော။- Ver CapítuloGarrad Bible25 သို့ ဖြစ်၍ ငါ ဆို သည် ကား မည် သည့် အ ရာ ကို စား ရ မည်။ မည် သည့် အ ရာ ကို သောက် ရ မည် ဟူ၍ ကိုယ့် အ သက် အ တွက် မ စိုး ရိမ် ကြ နှင့်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ ကိုယ် ခ န္ဓာ အ တွက် လည်း မ စိုး ရိမ် ကြ နှင့်။ အ သက် သည် အ စား အ သောက် ထက်၊ ကိုယ် ခ န္ဓာ သည် အ ဝတ် ထက် မြတ် သည် မ ဟုတ် လော။ Ver CapítuloJudson Bible25 ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း25 ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားသောက်ရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက်မြတ်သည် မဟုတ်လော။ ကိုယ်ခန္ဓာသည် အဝတ်ထက်မြတ်သည် မဟုတ်လော။ Ver Capítuloမြန်မာ25 ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။- Ver Capítulo |
လူတို့သည် သင်တို့ကိုခေါ်ဆောင်သွား၍ အပ်နှံကြသောအခါ မည်သည့်အရာကိုပြောဆိုရမည်နည်းဟူ၍ ကြိုတင်စိုးရိမ်ခြင်းမရှိဘဲ ထိုအချိန်နာရီ၌ သင်တို့အား ဖော်ပြတော်မူသောအရာကိုသာ ပြောဆိုကြလော့။ အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့ကိုယ်တိုင်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်၏။