မဿဲ 5:34 - မြန်မာ့စံမီသမ္မာကျမ်း34 သို့သော် သင်တို့အား ငါဆိုမည်။ တိုင်တည်ပြောဆိုခြင်းကို လုံးဝမပြုရ။ ကောင်းကင်ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။ Ver CapítuloCommon Language Bible34 သို့ရာတွင်သင်တို့သည်တစ်စုံတစ်ခုကိုကတိပြု သောအခါလုံးဝကျိန်ဆို၍မပြောကြနှင့်ဟု သင်တို့အားငါဆို၏။ ကောင်းကင်ဘုံကိုတိုင်တည် ၍မကျိန်ဆိုကြနှင့်။ ကောင်းကင်ဘုံသည်ဘုရား သခင်၏ပလ္လင်တော်ဖြစ်၏။- Ver CapítuloGarrad Bible34 ဘု ရား သ ခင်၏ ပ လ္လင် တော် ဖြစ် သော မိုး ကောင်း ကင် ကို သော် လည်း ကောင်း၊ Ver CapítuloJudson Bible34 ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း34 သို့သော် သင်တို့ကို ငါပြောဆိုသည်မှာ လုံးဝ မကျိန်ဆိုရ။ ကောင်းကင်ဘုံသည် ဘုရားသခင်၏ရာဇပလ္လင်တော် ဖြစ်သောကြောင့် ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ဆိုရ။ Ver Capítuloမြန်မာ34 ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။- Ver Capítulo |
ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ပြောဆိုခြင်းကိုမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားကတိသစ္စာတစ်စုံတစ်ခုကိုပြုလျက်ဖြစ်စေ တိုင်တည်၍မပြောဆိုကြနှင့်။ သင်တို့သည် ဟုတ်သည်ကို “ဟုတ်ပါသည်” မဟုတ်သည်ကို “မဟုတ်ပါ”ဟူ၍သာ ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကိုခံရလိမ့်မည်။