မဿဲ 3:9 - မြန်မာ့စံမီသမ္မာကျမ်း9 ‘ငါတို့တွင် အဖအာဗြဟံရှိသည်’ဟူ၍ သင်တို့စိတ်ထဲ၌ပြောဆိုရန်ပင် မစဉ်းစားကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက်သားသမီးများကို ဤကျောက်ခဲတို့ထဲမှ ပေါ်ထွန်းစေနိုင်သည်။ Ver CapítuloCommon Language Bible9 အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။- Ver CapítuloGarrad Bible9 ငါ တို့၌ အ ဘ အာ ဗြ ဟံ ရှိ ပြီ ဟု အောက် မေ့၍ မ ဆို ကြ နှင့်။ ဤ ကျောက် ခဲ များ ဖြင့် အာ ဗြ ဟံ အ ဖို့ သား သ မီး တို့ ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ နိုင် သည်။ ငါ ဆို ၏။ Ver CapítuloJudson Bible9 အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း9 ‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ် မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်ဆင်းနိုင်တော်မူ၏။ Ver Capítuloမြန်မာ9 အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ Ver Capítulo |