မဿဲ 3:16 - မြန်မာ့စံမီသမ္မာကျမ်း16 ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။ Ver CapítuloCommon Language Bible16 သခင်ယေရှုသည်ဗတ္တိဇံကိုခံယူပြီးလျှင်ပြီး ချင်း ရေမှတက်တော်မူသောအခါ၊ မိုးကောင်းကင် သည်ကိုယ်တော်ရှင်အတွက်ကွဲဟလျက် ဘုရား သခင်၏ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ကိုယ်တော်၏အပေါ်မှာနားတော်မူသည်ကိုမြင် တော်မူ၏။- Ver CapítuloGarrad Bible16 ယေ ရှု သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး လျှင် ပြီး ချင်း၊ ရေ မှ တက် ကြွ တော် မူ ရာ ကောင်း ကင် ပွင့် လျက် ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သည် ချိုး ငှက် သ ဏ္ဌာန် ကိုယ့် အ ပေါ် သို့ ဆင်း သက် ကြွ လာ သည် ကို မြင် တော် မူ ၏။ Ver CapítuloJudson Bible16 ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူတော်မူပြီးနောက် ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။ Ver Capítuloမြန်မာ16 ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ Ver Capítulo |
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။