Biblia Todo Logo
La Biblia Online
- Anuncios -




မဿဲ 28:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို့ကြောင့် သင်​တို့​သည်​သွား​၍ လူမျိုး​တကာ​တို့​ကို ငါ့​တပည့်​ဖြစ်​စေ​လျက် ခမည်းတော်၊ သား​တော်၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နာမ​၌ သူ​တို့​ကို​ဗတ္တိဇံ​ပေး​ကြ​လော့။

Ver Capítulo Copiar

Common Language Bible

19 သို့​ဖြစ်​၍​သင်​တို့​သည်​သွား​၍​လူ​မျိုး​တ​ကာ​တို့ ကို​ငါ့​တ​ပည့်​ဖြစ်​စေ​ကြ​လော့။ သူ​တို့​အား​ခ​မည်း တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ကြ​လော့။-

Ver Capítulo Copiar

Garrad Bible

19 ထို ကြောင့် သွား၍ လူ မျိုး တ ကာ ကို ငါ့ တ ပည့် များ ဖြစ် စေ လျက် ခ မည်း တော်၊ သား တော်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ပေး လျက်၊

Ver Capítulo Copiar

Judson Bible

19 သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို့ကြောင့် သင်တို့​သွား​၍ လူမျိုး​အပေါင်းတို့​ကို ငါ့​တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​တို့​၏​အမည်​နာမ​၌ သူတို့​ကို နှစ်ခြင်းမင်္ဂလာ​ပေးကြလော့။

Ver Capítulo Copiar

မြန်မာ

19 သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-

Ver Capítulo Copiar




မဿဲ 28:19
39 Referencias Cruzadas  

တစ်ဖန် ဘုရားသခင်​က “​ငါ​တို့​၏​ပုံသဏ္ဌာန်​အတိုင်း ငါ​တို့​နှင့်​တစ်ပုံစံတည်း​တူ​သော​လူ​ကို ဖန်ဆင်း​ကြ​စို့​။ သူ​တို့​သည် ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​တို့​ကို​လည်းကောင်း​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​လည်းကောင်း​၊ မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။


ငါ့​ထံသို့​ချဉ်းကပ်​၍ ဤ​စကား​ကို​နားထောင်​ကြ​လော့​။ အစအဦး​ကပင် ငါ​သည် လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ထို​အမှု​ဖြစ်လာ​သော​အချိန်​၌ ထို​နေရာ​တွင် ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​၏​ဝိညာဉ်​တော်​နှင့်အတူ ယခု ငါ့​ကို​စေလွှတ်​တော်မူ​၏​။


ကိုယ်တော်​က “​ယာကုပ်​အမျိုး​ကို ပြန်လည်ထူထောင်​ရန်​၊ အသက်ရှင်​ကျန်ရစ်​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်ခေါ်ဆောင်​လာ​ရန် သင့်​ကို ငါ့​အစေအပါး​ဖြစ်စေ​ခြင်း​သည် အသေးအဖွဲ​မျှသာ​ဖြစ်​သေး​၏​။ မြေကြီး​စွန်း​တိုင်အောင် ငါ​၏​ကယ်တင်​ခြင်း​ရောက်ရှိ​စေရန် ငါ​သည် သင့်​ကို​လူမျိုးတကာ​တို့​အဖို့ အလင်း​ဖြစ်စေ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။


ကိုယ်တော်​က​လည်း“သို့ဖြစ်၍ ကောင်းကင်​နိုင်ငံ​တော်​၏​တပည့်​ဖြစ်​လာ​သော ကျမ်းပြု​ဆရာ​တိုင်း​သည် မိမိ​၏​ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာ​ဘဏ္ဍာ​အသစ်​နှင့်​အဟောင်း​တို့​ကို ထုတ်ယူ​သော​အိမ်ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။


ထိုအခါ လူမျိုး​အပေါင်း​တို့​ကို ရှေ့​တော်​၌ စုဝေး​စေ​ကြ​လိမ့်မည်။ ထို့နောက် သိုးထိန်း​သည် သိုး​တို့​ကို ဆိတ်​တို့​နှင့် သီးခြား​ခွဲထား​သကဲ့သို့ ကိုယ်တော်​သည် သူ​တို့​ကို တစ်ဦး​နှင့်​တစ်ဦး သီးခြား​ခွဲထား​ကာ


ရွေးကောက်​တော်မူ​သော​တမန်​တော်​များ​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် မိန့်မှာ​တော်မူ​ပြီးနောက် အထက်​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​သော​နေ့​တိုင်အောင် ဖြစ်ပျက်​သမျှ​တို့​ကို ပထမ​စာစောင်​၌ ငါ​ရေးသား​ဖော်ပြ​ခဲ့​၏​။


သို့သော် သင်​တို့​အပေါ်သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​လာ​သောအခါ သင်​တို့​သည် တန်ခိုး​ကို​ရရှိ​လျက် ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်ခုလုံး​သာမက မြေကြီး​စွန်း​တိုင်အောင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သူ​တို့​သည် ထို​မြို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​များစွာ​တို့​ကို တပည့်​တော်​ဖြစ်​စေ​ကြ​၏။ ထို့နောက် လုတ္တရ​မြို့၊ ဣကောနိ​မြို့​နှင့် အန္တိအုတ်​မြို့​များ​သို့ ပြန်သွား​ပြီးလျှင်


ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။


ထို့ကြောင့် ဘုရားသခင်​၏ ဤ​ကယ်တင်​ခြင်း​တရား​သည် လူမျိုးခြား​တို့​ထံ စေလွှတ်​ခြင်း​ခံရ​၍ သူ​တို့​သည် နားထောင်​ကြ​မည်​ဖြစ်ကြောင်း သင်​တို့​သိမှတ်​ကြ​လော့”​ဟူသော​စကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။


ထို​ခဏချင်း​တွင် ငါး​အကြေးခွံ​ကဲ့သို့သော​အရာ​သည် ရှောလု​၏​မျက်စိ​မှ ကွာ​ကျ​၍ သူ​သည် မျက်စိ​ပြန်​မြင်​လေ​၏။ သူ​သည် ထ​၍ ဗတ္တိဇံ​ခံ​ပြီး


သို့သော် ငါ​မေး​လို​သည်​မှာ ထို​သူ​တို့​မ​ကြား​ခဲ့​ရ​သလော။ အမှန်ပင်​ကြား​ခဲ့​ရ​၏။ “သူ​တို့​၏​အသံ​သည် မြေကြီး​တစ်ပြင်လုံး​သို့ ပျံ့နှံ့​သွား​၍ သူ​တို့​၏​စကား​သည် ကမ္ဘာလောက​အစွန်အဖျား​တိုင်အောင် ရောက်​လေ​၏။ ”


သို့ဖြစ်လျှင် သေလွန်​သော​သူ​တို့​၏​ကိုယ်စား ဗတ္တိဇံ​ခံ​သော​သူ​တို့​သည် အဘယ်ကြောင့် ထိုသို့​ပြု​ရ​ကြ​သနည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​အလျှင်း​မ​ရှိ​လျှင် အဘယ်ကြောင့် သူ​တို့​ကိုယ်စား ဗတ္တိဇံ​ခံ​စရာ​ရှိ​သနည်း။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၌​ဗတ္တိဇံ​ခံ​သော​သူ​ရှိသမျှ​တို့​သည် ခရစ်တော်​ကို​ဝတ်ဆင်​ကြ​၏။


ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။


သို့သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်းမြတ်​သော​သတင်း​၏​မျှော်လင့်​ခြင်း​မှ သွေဖည်​မ​သွား​ဘဲ ခိုင်မြဲ​စွာ​အုတ်မြစ်​ချ​ထား​သည့် ယုံကြည်​ခြင်း​၌ ဆက်၍​တည်​နေ​ရ​မည်။ ထို​ကောင်းမြတ်​သော​သတင်း​ကို ကောင်းကင်​အောက်​ရှိ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ဟောပြော​နေ​သည်​ဖြစ်၍ ငါ​ပေါလု​သည် ၎င်း​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။


ဤ​အရာ​သည် ယခု သင်​တို့​ကို​ကယ်တင်​သော ဗတ္တိဇံ​ကို​ပုံဆောင်​၏။ ဗတ္တိဇံ​သည် ကိုယ်ကာယ​၏​အညစ်အကြေး​ကို ချွတ်ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ကြည်လင်​သော​အသိစိတ်​ကို ဘုရားသခင်​ထံ​တောင်းလျှောက်​ခြင်း​ဖြစ်​၏။


ဝိညာဉ်​တော်၊ ရေ၊ သွေး​တည်းဟူသော သက်သေ​သုံး​ပါး​ရှိ​၍ ထို​သုံး​ပါး​တို့​သည် တညီတညွတ်တည်း​ဖြစ်​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos