မဿဲ 25:16 - မြန်မာ့စံမီသမ္မာကျမ်း16 ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။ Ver CapítuloCommon Language Bible16 ရွှေငါးပိဿာရသူသည်ချက်ချင်းပင်ကူးသန်း ရောင်းဝယ်မှုကိုပြုသဖြင့်အမြတ်ရွှေငါးပိဿာ ကိုရ၏။- Ver CapítuloGarrad Bible16 ငါး ပိဿာ ရ သူ သည် ချက် ခြင်း သွား၍ ကုန် သွယ် သ ဖြင့် ငါး ပိဿာ အ မြတ် ရ၏။ Ver CapítuloJudson Bible16 အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ကုန်သွယ်ခြင်းကို ပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 ငွေငါးပိဿာကို ရသောသူသည် ချက်ချင်းသွား၍ အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် ငါးပိဿာကို အမြတ်ရ၏။ Ver Capítuloမြန်မာ16 အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ကုန်သွယ်ခြင်းကို ပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။- Ver Capítulo |
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။