မဿဲ 23:38 - မြန်မာ့စံမီသမ္မာကျမ်း38 ကြည့်ရှုလော့။ သင်တို့၏အိမ်သည် လူသူကင်းဝေးရာအရပ်အဖြစ် သင်တို့ထံ၌ စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ Ver CapítuloCommon Language Bible38 ထို့ကြောင့်သင်၏ဗိမာန်တော်ကိုဘုရားသခင် သည်စွန့်ပစ်တော်မူလိမ့်မည်။- Ver CapítuloGarrad Bible38 သင့် နေ ရာ ကို လက် လွှတ် တော် မူ ပြီ တ ကား။ Ver CapítuloJudson Bible38 သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း38 သင်တို့ အိမ်သည် လူသူကင်းမဲ့သောအရပ်အဖြစ် စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ Ver Capítuloမြန်မာ38 သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။- Ver Capítulo |
ခြောက်ဆယ့်နှစ်သီတင်းလွန်လျှင် ဘိသိက်ခံမင်းသည် မည်သည့်အရာမျှမကျန်ဘဲ ပယ်ရှင်းခြင်းခံရလိမ့်မည်။ နောက်တက်လာမည့်မင်း၏လူတို့သည် မြို့နှင့် သန့်ရှင်းရာဌာနကို ဖျက်ဆီးပစ်လိမ့်မည်။ အဆုံးသည် ရေလွှမ်းမိုးသကဲ့သို့ ရောက်လာလိမ့်မည်။ အဆုံးသို့မရောက်မချင်း စစ်မက်ဖြစ်ပွားလိမ့်မည်။ ဤသို့ ပျက်စီးခြင်းကို စီရင်ထားတော်မူပြီ။
တစ်ဖန် ထာဝရဘုရားက “ဤပြည်ရှိ ပြည်သူပြည်သားတို့ကို ငါသနားတော့မည်မဟုတ်။ ကြည့်ရှုလော့။ လူအသီးသီးတို့ကို သူတို့၏အိမ်နီးချင်းလက်သို့လည်းကောင်း၊ သူတို့၏ရှင်ဘုရင်လက်သို့လည်းကောင်း ငါအပ်မည်။ ထိုသူတို့သည် ဤပြည်ကိုချေမှုန်းတိုက်ဖျက်ကြမည်ဖြစ်သော်လည်း ထိုသူတို့လက်မှ ငါကယ်တင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ သင်တို့၏အိမ်သည် သင်တို့ထံ၌ စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ သင်တို့အား ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း’ဟု သင်တို့ပြောသည့်အချိန်မရောက်မီတိုင်အောင် သင်တို့သည် ငါ့ကိုလုံးဝမြင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။