မဿဲ 21:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထိုစဉ် လမ်း၌ သဖန်းပင်တစ်ပင်ကိုမြင်၍ ထိုအပင်ရှိရာသို့ကြွတော်မူရာ ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှမတွေ့သဖြင့် ထိုအပင်အား“ယခုမှစ၍ ကာလအစဉ်အဆက် သင်၌အသီးမသီးစေရ”ဟု မိန့်တော်မူ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားလေ၏။ Ver CapítuloCommon Language Bible19 လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ Ver CapítuloGarrad Bible19 သ ဖန်း တစ် ပင် ကို လမ်း တွင် မြင်၍ သွား ရောက် သော် အ ရွက် များ ကို သာ တွေ့ တော် မူ သည် နှင့် ယ ခု က စ၍ ကာ လ အ စဉ် အ သီး မ သီး စေ ရ ဟု မိန့် တော် မူ လျှင် မူ ခြင်း ထို အ ပင် သွေ့ ခြောက် လေ၏။ Ver CapítuloJudson Bible19 လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း19 ထိုအခါ လမ်းဘေး၌ သဖန်းပင်တစ်ပင်ကို မြင်သော် အပင်နားသို့ ကြွတော်မူ၏။ သို့သော် အသီးတစ်လုံးမျှမရှိဘဲ အရွက်များကိုသာ တွေ့မြင်တော်မူ၏။ ထိုအခါ ယေရှုက ထိုအပင်အား “ယခုမှစ၍ မည်သည့်အခါမျှ သင်၌ အသီးမသီးပါစေနှင့်” ဟု မိန့်တော်မူ၏။ ထိုသဖန်းပင်သည်လည်း ချက်ချင်းခြောက်သွေ့သွားလေ၏။ Ver Capítuloမြန်မာ19 လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။- Ver Capítulo |
သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊