Biblia Todo Logo
La Biblia Online
- Anuncios -




မဿဲ 20:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သို့သော် ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက်“လူမျိုးခြား​တို့​တွင် အုပ်ချုပ်သူ​တို့​သည် ပြည်သူ​တို့​အပေါ်​စိုးမိုး​ခြယ်လှယ်​ကြ​၍ အကြီးအကဲ​တို့​သည် သူ​တို့​အပေါ်​အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

Ver Capítulo Copiar

Common Language Bible

25 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည်​ပြည် သူ​တို့​အ​ပေါ်​ဝယ် တန်​ခိုး​အာ​ဏာ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ပြည်​သူ့​ခေါင်း​ဆောင်​များ​သည်​လည်း ပြည်​သူ​တို့​အား အ​စိုး​တ​ရ​ပြု​တတ်​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

25 လူ မျိုး ခြား မင်း တို့ သည် အ စိုး တ ရ ပြု တတ် ကြ သည် ကိုလည်း ကောင်း၊ ကြီး မြင့် သူ တို့ လည်း အာ ဏာ ထား တတ် ကြ သည် ကို လည်း ကောင်း သင် တို့ သိ ကြ ၏။

Ver Capítulo Copiar

Judson Bible

25 ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့ သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ ပြု​တတ်​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 သို့သော်လည်း ယေရှု​သည် တပည့်တော်တို့​ကို မိမိ​ထံ ခေါ်​လျက် “လူမျိုးခြားများ​၏​အစိုးရမင်းတို့​သည် လူများ​အပေါ် အုပ်စိုးခြယ်လှယ်​တတ်ကြ၏။ အကြီးအမှူးတို့​သည်လည်း မိမိ​လက်အောက်တွင်​ရှိသော လူများ​အပေါ် အာဏာပြတတ်ကြ၏။

Ver Capítulo Copiar

မြန်မာ

25 ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့ သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ ပြု​တတ်​ကြ၏။-

Ver Capítulo Copiar




မဿဲ 20:25
14 Referencias Cruzadas  

ယခု သင်​တို့​သည် တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို​ကြား​လျှင် ငါ​တည်​ထား​သော​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ရန် အသင့်ရှိ​ရ​မည်​။ သင်​တို့​မ​ရှိခိုး​ပါက မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ချက်ချင်း​ပစ်ချ​ခြင်း​ခံရ​မည်​။ သင်​တို့​ကို ငါ့​လက်​မှ မည်သည့်​ဘုရား​က ကယ်တင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။


ထိုသို့ ဘုန်းတန်ခိုး​ကို ပေး​တော်မူ​သောကြောင့် နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် သူ​၏​ရှေ့​တွင် ကြောက်ရွံ့​တုန်လှုပ်​ကြ​ရ​ပါ​၏​။ သူ​သည် သတ်​လို​သော​သူ​ကို သတ်​၍ အသက်ချမ်းသာ​ပေး​လို​သော​သူ​ကို ပေး​ပါ​၏​။ ချီးမြှောက်​လို​သော​သူ​ကို ချီးမြှောက်​၍ နှိမ့်ချ​လို​သော​သူ​ကို နှိမ့်ချ​ပါ​၏​။


ငါ​သည် နူးညံ့​သိမ်မွေ့​လျက် နှိမ့်ချ​သော​စိတ်နှလုံး​ရှိ​သောကြောင့် ငါ့​ထမ်းပိုး​ကို​ယူ​၍​ထမ်း​ကာ ငါ့​ထံ၌​နည်းခံ​ကြ​လော့။ ထိုအခါ သင်​တို့​၏​စိတ်​ဝိညာဉ်​သည် သက်သာ​ရာ​ရ​လိမ့်မည်။


တပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အကြောင်း​ကို​ကြားသိ​လျှင် ထို​ညီအစ်ကို​နှစ်​ဦး​တို့​ကို စိတ်ဆိုး​ကြ​၏။


ထိုအခါ ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက်“လူမျိုးခြား​တို့​တွင် သူ​တို့​ကို​အုပ်ချုပ်​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည် ပြည်သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ကြ​၍ သူ​တို့​၏​အကြီးအကဲ​တို့​သည် သူ​တို့​အပေါ် အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။


သင်​တို့​အား​ခွဲဝေ​ပေးအပ်​ထား​သော​သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ခြင်း​မ​ပြု​ဘဲ သိုးစု​အတွက် စံနမူနာ​ဖြစ်​ကြ​လော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos