မဿဲ 2:2 - မြန်မာ့စံမီသမ္မာကျမ်း2 “ဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို အကျွန်ုပ်တို့မြင်ခဲ့ရသဖြင့် သူ့ကိုရှိခိုးရန် လာကြပါ၏”ဟု မေးမြန်းပြောဆိုကြ၏။ Ver CapítuloCommon Language Bible2 ``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။- Ver CapítuloGarrad Bible2 ယေ ရု ရှ လင် မြို့ သို့ ရောက် လာ၍ ယ ခု ဖွား မြင် ပြီး သော ယု ဒ လူ မျိုး တို့၏ ဘု ရင် မင်း မြတ် သည် မည် သည့် အ ရပ် တွင် ရှိ သ နည်း။ ကြယ် တော် ကို အ ရှေ့ တိုင်း ပြည် ၌ မြင် ရ သော ကြောင့် ကိုယ် တော် ကို အ ဖူး လာ ခဲ့ ကြ ပါ ပြီ ဟု မေး မြန်း ပြော ဆို ကြ ၏။ Ver CapítuloJudson Bible2 ယခု ဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း2 “ယခု မွေးဖွားလာသော ဂျူးရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ ထိုအရှင်၏ကြယ် ထွက်ပေါ်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသောကြောင့် ထိုအရှင်ကို ဖူးမြော်ရန် ရောက်လာကြပါသည်” ဟု မေးမြန်းပြောဆိုကြ၏။ Ver Capítuloမြန်မာ2 ယခု ဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။- Ver Capítulo |
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက“သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏”ဟု ပြန်၍မိန့်တော်မူ၏။