Biblia Todo Logo
La Biblia Online
- Anuncios -




မဿဲ 18:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို့ကြောင့် ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​အစေအပါး​တို့​နှင့်​စာရင်း​ရှင်း​လို​သော ဘုရင်​တစ်​ပါး​နှင့်​တူ​၏။

Ver Capítulo Copiar

Common Language Bible

23 သို့​ဖြစ်​၍​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မိ​မိ​၏​ကျွန် များ​နှင့်​စာ​ရင်း​ရှင်း​လို​သည့်​ဘု​ရင်​တစ်​ပါး ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။-

Ver Capítulo Copiar

Garrad Bible

23 ထို ကြောင့် ကောင်း ကင် နိုင် ငံ တော် သည် ကျေး ကျွန် သင်း ပင်း တို့ နှင့် စာ ရင်း ရှင်း လို သော ဘု ရင် မင်း တစ် ပါး နှင့် တူ၏။

Ver Capítulo Copiar

Judson Bible

23 ထို​ကြောင့် ကောင်း​ကင်​နိုင်​ငံ​တော်​သည်၊ မိ​မိ​ကျွန်​များ​တို့​ကို စာ​ရင်း​ယူ​ခြင်း​ငှာ အ​လို​ရှိ​သော​မင်း​ကြီး တစ်​ဦး​နှင့် တူ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ထို့ကြောင့် ကောင်းကင်​နိုင်ငံတော်​သည် မိမိ​ကျွန်များ​နှင့် ငွေစာရင်း​ရှင်းလိုသော​ဘုရင်တစ်ပါး​၏ အဖြစ်​နှင့် တူ၏။

Ver Capítulo Copiar

မြန်မာ

23 ထို​ကြောင့် ကောင်း​ကင်​နိုင်​ငံ​တော်​သည်၊ မိ​မိ​ကျွန်​များ​တို့​ကို စာ​ရင်း​ယူ​ခြင်း​ငှာ အ​လို​ရှိ​သော​မင်း​ကြီး တစ်​ဦး​နှင့် တူ၏။-

Ver Capítulo Copiar




မဿဲ 18:23
17 Referencias Cruzadas  

ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​မျိုးစေ့​ကို မိမိ​စိုက်ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။


ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အစေ့​ကို​ယူ​၍ မိမိ​၏​စိုက်ခင်း​၌ ကြဲ​သောအခါ


အခြား​သော​ပုံ​ဥပမာ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏”​ဟု မိန့်​တော်မူ​၏။


တစ်ဖန် ကောင်းကင်​နိုင်ငံ​တော်​သည် ပင်လယ်​ထဲ၌​ချ​၍ ငါး​အမျိုးစုံ​ကို​ဖမ်းမိ​သော ပိုက်ကွန်​နှင့်​တူ​၏။


ကိုယ်တော်​က​လည်း“သို့ဖြစ်၍ ကောင်းကင်​နိုင်ငံ​တော်​၏​တပည့်​ဖြစ်​လာ​သော ကျမ်းပြု​ဆရာ​တိုင်း​သည် မိမိ​၏​ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာ​ဘဏ္ဍာ​အသစ်​နှင့်​အဟောင်း​တို့​ကို ထုတ်ယူ​သော​အိမ်ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။


သူ​သည် စာရင်း​စတင်​ရှင်း​သောအခါ တာလန်​တစ်သောင်း​အကြွေး​တင်​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​၏။


ထို​ကာလ​၌ ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​တို့​မီးခွက်​များ​ကို​ယူဆောင်​လျက် သတို့သား​ကို​ကြိုဆို​ရန် ထွက်သွား​သည့် အပျို​ကညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်မည်။


ဤ​သည်​ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​၏​အစေအပါး​တို့​ကို​ခေါ်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား​အပ်နှင်း​ခဲ့​သည်​နှင့်​တူ​၏။


“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။


သို့ဖြစ်၍ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် ပညာ​သတိ​ရှိ​သော​သူ​နှင့်​တူ​၏။


သို့ဖြစ်၍ ငါ​တို့​တစ်ဦးစီ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိမိ​အကြောင်း​ကို မိမိ​ဖြေရှင်း​ရ​လိမ့်မည်။


သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos