မဿဲ 18:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။ Ver CapítuloCommon Language Bible10 ``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။- Ver CapítuloGarrad Bible10 ဤ သူ ငယ် တစ် ယောက် ယောက် ကို မ ထီ မဲ့ မြင် မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ စောင့် ထိန်း သူ ကောင်း ကင် တ မန် တို့ သည် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ မျက် နှာ တော် ကို အ စဉ် ဖူး မြင် ရ ကြ သည် ငါ ဆို၏။ Ver CapítuloJudson Bible10 သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။ Ver Capítuloမြန်မာ10 သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။- Ver Capítulo |
ထိုသူတို့ထွက်သွားကြပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်လျက် အီဂျစ်ပြည်သို့ထွက်ပြေး၍ နောက်တစ်ဖန် သင့်အားငါပြောသည့်တိုင်အောင် ထိုပြည်၌နေလော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို ရှာ၍သတ်ရန် ကြံရွယ်နေ၏”ဟု မြွက်ဆိုလေ၏။