မဿဲ 15:31 - မြန်မာ့စံမီသမ္မာကျမ်း31 လူထုပရိသတ်တို့သည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းပကတိဖြစ်ကြသည်ကိုလည်းကောင်း၊ ခြေမသန်စွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မျက်စိမြင်ကြသည်ကိုလည်းကောင်း တွေ့မြင်လျက် အံ့သြကြကာ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းကြ၏။ Ver CapítuloCommon Language Bible31 ဆွံ့အသူများစကားပြောကြသည်ကိုလည်း ကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများအကောင်းပကတိ ဖြစ်လာသည်ကိုလည်းကောင်း၊ ခြေမစွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင် များမျက်စိမြင်ကြသည်ကိုလည်းကောင်းတွေ့မြင် ကြသောအခါ လူပရိသတ်တို့သည်လွန်စွာ အံ့သြ၍ ဣသရေလအမျိုးသားတို့ဘုရား သခင်၏ဘုန်းတော်ကိုချီးကူးကြကုန်၏။ Ver CapítuloGarrad Bible31 အ သော သူ စ ကား ပြော ခွင့်၊ အင်္ဂါ ပျက် သူ သန် စွမ်း ခွင့်၊ ခြေ ဆွံ့ သူ လှမ်း သွား ခွင့် မျက် မ မြင် သူ မြင် ခွင့် ရ သည် ကို ထို ပ ရိ သတ် မြင် သော် အံ့ သြ၍ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် ကြ၏။ Ver CapítuloJudson Bible31 အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင် ဂုဏ်တော်ကို ချီးမွမ်းကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း31 လူထုကြီးသည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်းဖြစ်လာကြသည်ကိုလည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်နိုင်သွားကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်ကိုလည်းကောင်း မြင်တွေ့သောအခါ အံ့အားသင့်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းကြ၏။ Ver Capítuloမြန်မာ31 အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင် ဂုဏ်တော်ကို ချီးမွမ်းကြ၏။ Ver Capítulo |
အစေအပါးသည် ပြန်လာ၍ ထိုအကြောင်းအရာများကို မိမိသခင်အားကြားလျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေအပါးအား ‘မြို့ထဲရှိ လမ်းမ၊ လမ်းကြားများထဲသို့ အမြန်သွား၍ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဤနေရာသို့ခေါ်ခဲ့လော့’ဟု ဆို၏။