မဿဲ 13:23 - မြန်မာ့စံမီသမ္မာကျမ်း23 ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible23 မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။ Ver CapítuloGarrad Bible23 ကောင်း သော မြေ တွင် ကြဲ ထား သော သူ မူ ကား တ ရား တော် ကို ကြား နာ၍ နား လည် သော ကြောင့် အ သီး သီး သ ဖြင့် အ ဆ တစ် ရာ၊ အ ဆ ခြောက် ဆယ်၊ အ ဆ သုံး ဆယ် ထွက် သော သူ ဖြစ် သ တည်း ဟု ဖွင့် ပြ တော် မူ၏။ Ver CapítuloJudson Bible23 ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း23 ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြား၍ နားလည်သဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးသောသူကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ23 ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ Ver Capítulo |
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။