မဿဲ 13:19 - မြန်မာ့စံမီသမ္မာကျမ်း19 မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သောတရားစကားကိုကြား၍ နားမလည်ဘဲနေလျှင် မာရ်နတ်သည်လာ၍ သူ၏စိတ်နှလုံးထဲ၌ကြဲထားသောအရာကို လုယူလေ၏။ လမ်းဘေးတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ ထိုသို့သောသူကိုဆိုလို၏။ Ver CapítuloCommon Language Bible19 လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။- Ver CapítuloGarrad Bible19 နိုင် ငံ တော့် ဆိုင် ရာ တ ရား တော် ကို မည် သူ မ ဆို ကြား နာ သည့် ကာ လ နား မ လည် လျှင် နှ လုံး၌ ကြဲ ထား ရာ ကို မာရ် နတ် လာ၍ နုတ် ယူ တတ်၏။ ထို သူ မှာ လမ်း ပေါ် တွင် ကြဲ ထား သူ ဖြစ်၏။ Ver CapítuloJudson Bible19 လမ်း၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း19 လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။ Ver Capítuloမြန်မာ19 လမ်း၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။- Ver Capítulo |
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။