မဿဲ 12:41 - မြန်မာ့စံမီသမ္မာကျမ်း41 တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက် ကြီးမြတ်သောသူရှိ၏။ Ver CapítuloCommon Language Bible41 နိနေဝေမြို့သားတို့သည်ယောန၏ဟောပြောချက် ကြောင့်နောင်တရခဲ့ကြ၏။ သို့ဖြစ်၍သူတို့သည် တရားစီရင်တော်မူရာနေ့၌ထ၍သင်တို့အား ပြစ်တင်စွပ်စွဲကြလိမ့်မည်။ ဤအရပ်တွင်ယောန ထက်ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။ Ver CapítuloGarrad Bible41 ယော န ဟော ပြော သော ကြောင့် နောင် တ ရ သော နိ န ဝေ မြို့ သူ မြို့ သား တို့ သည် တ ရား စီ ရင် တော် မူ သည့် ကာ လ ယ ခု လူ မျိုး နှင့် အ တူ ရှင် ပြန် လျက် အ ပြစ် စီ ရင် ကြ လိမ့် မည်။ ယော န ထက် ကြီး မြတ် သူ သည် ဤ နေ ရာ တွင် ရှိ သည် တ ကား။ Ver CapítuloJudson Bible41 တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း41 တရားစီရင်တော်မူသောနေ့တွင် နိနဝေမြို့သားတို့သည် ဤမျိုးဆက်တို့နှင့်အတူ ထ၍ ဤမျိုးဆက်ကို အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ယောန၏ ဟောပြောခြင်းအားဖြင့် သူတို့၏ အပြစ်များမှ နောင်တရကြသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ယောနထက်ကြီးမြတ်သူသည် ဤအရပ်၌ ရှိ၏။ သို့သော် သင်တို့သည် နောင်တရရန် ငြင်းဆိုကြ၏။ Ver Capítuloမြန်မာ41 တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။- Ver Capítulo |
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။