မဿဲ 1:21 - မြန်မာ့စံမီသမ္မာကျမ်း21 သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။ Ver CapítuloCommon Language Bible21 သူသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားသည်မိမိလူမျိုးအားအပြစ်မှကယ်တင် မည့်အရှင်ဖြစ်သောကြောင့်သူ့ကိုယေရှုဟု နာမည်မှည့်ရမည်'' ဟုဆို၏။ Ver CapítuloGarrad Bible21 သူ သည် သား ယော ကျ်ား ကို ဖွား မြင် လိမ့် မည်။ ထို သား သည် မိ မိ လူ မျိုး တော် ကို အ ပြစ် ဒု စ ရိုက် များ မှ ကယ် တင် မည့် အ ရှင် ဖြစ် သော ကြောင့် ယေ ရှု ဟူ၍ အ မည် မှည့် လော့ ဟု မြွက် ဆို ၏။ Ver CapítuloJudson Bible21 သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။ Ver Capítuloမြန်မာ21 သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။- Ver Capítulo |
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။