Biblia Todo Logo
La Biblia Online
- Anuncios -




မြည်​တမ်း​စ​ကား 3:53 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

53 ငါ့​ကို မြေတွင်း​ထဲ​ပစ်ချ​ပြီး သေကြောင်းကြံ​ကြ​ပြီ​။ ကျောက်တုံး​ဖြင့် ပစ်ပေါက်​ကြ​ပြီ​။

Ver Capítulo Copiar

Common Language Bible

53 သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ရှင်​လတ်​လတ် တွင်း​ထဲ​သို့​ပစ်​ချ​ကာ​ကျောက်​တုံး​နှင့် တွင်း​ဝ​ကို​ပိတ်​ကြ​ပါ​၏။

Ver Capítulo Copiar

Garrad Bible

53 လူ့ ဘောင် မှ လှောင် တွင်း သို့ ချ ထား လျက်၊ ကျောက် ပြား နှင့် ပိတ် ဆို့ ခဲ့ ကြ လေ ပြီ။

Ver Capítulo Copiar

Judson Bible

53 မြေ​တွင်း၌ ငါ့​အ​သက်​ကို​ဖြတ်၍ ငါ့​အ​ပေါ်​မှာ ကျောက်​ကို တင်​ထား​ကြ၏။

Ver Capítulo Copiar




မြည်​တမ်း​စ​ကား 3:53
9 Referencias Cruzadas  

ယေရမိ​သည် မြေအောက်​အကျဉ်းထောင်​ထဲ၌ ရက်​ပေါင်း​များစွာ​အကျဉ်းချ​ခံ​နေ​ရ​စဉ်


အို အကျွန်ုပ်​၏​အရှင်​မင်းကြီး​၊ အကျွန်ုပ်​တောင်းဆို​သည်​ကို နားထောင်​၍ လိုက်လျော​ပေး​ပါ​။ အကျွန်ုပ်​ကို စာရေးတော်ကြီး​ယောနသန်​၏​အိမ်​သို့ ပြန်​မ​ပို့​ပါ​နှင့်​။ ပြန်ပို့​လျှင် ထို​အိမ်​၌ အကျွန်ုပ်​သေ​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်ဆို​လေ​၏​။


ထို့ကြောင့် သူ​တို့​သည် ယေရမိ​ကို​ခေါ်သွား​၍ ထောင်ဝင်း​အတွင်း​ရှိ ဘုရင့်​သား​တော်​မာလခိယ​၏​ရေတွင်း​ထဲသို့ ကြိုး​ဖြင့်​လျှောချ​ကြ​၏​။ ရေတွင်း​ထဲတွင် ရေ​မ​ရှိ​၊ ရွှံ့​သာ​ရှိ​သဖြင့် ယေရမိ​သည် ရွှံ့​ထဲ​နစ်​လေ​၏​။


“​အကျွန်ုပ်​၏​အရှင်​မင်းကြီး​၊ ဤ​သူ​တို့​သည် ပရောဖက်​ယေရမိ​ကို ရေတွင်း​ထဲ​ပစ်ချ​ခြင်း​ဖြင့် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​လေ​ပြီ​။ မြို့​ထဲတွင်​လည်း မုန့်​မ​ရှိ​တော့​ပေ​။ ထို့ကြောင့် ယေရမိ​သည် ထို​တွင်း​ထဲတွင် ငတ်မွတ်​၍ သေ​ရ​ပါ​တော့​မည်​”​ဟု လျှောက်ဆို​လေ​၏​။


ထို့နောက် ကျောက်တုံး​တစ်​တုံး​သယ်လာ​ကြ​ပြီး တွင်းဝ​ကို ပိတ်​ထား​ကြ​၏​။ ဒံယေလ​နှင့်​ပတ်သက်၍ ချမှတ်​ထား​သည့်​အရာ အပြောင်းအလဲ​မ​ဖြစ်​စေရန် ရှင်ဘုရင်​သည် မိမိ​တံဆိပ်တုံး​နှင့် မှူးမတ်​တို့​တံဆိပ်တုံး​ကို တွင်းဝ​တွင် ခတ်နှိပ်​ထား​လေ​၏​။


ရှင်ဘုရင်​သည် နန်းတော်​သို့​ပြန်လာ​၍ တစ်ညလုံး စားတော်မခေါ်​၊ ဖျော်ဖြေပွဲ​များ​လည်း ရှေ့​တော်​မ​သွင်း​၊ စက်တော်​လည်း မ​ခေါ်​နိုင်​ဘဲ ရှိ​လေ​၏​။


ယောန​သည် ငါးကြီး​ဝမ်း​ထဲမှ​နေ​၍ သူ​၏​ဘုရားသခင်​ထာဝရဘုရား​အား


ကျောက်ဆောင်​၌​ထွင်း​ထား​သော မိမိ​ပိုင်ဆိုင်​သည့် သင်္ချိုင်း​ဂူ​သစ်​ထဲတွင် သွင်းထား​လေ​၏။ ထို့နောက် ကြီးမား​သော​ကျောက်တုံး​ကို ဂူ​ဝ​သို့​လှိမ့်​ထား​ပြီးမှ ပြန်သွား​လေ​၏။


ထိုအခါ သူ​တို့​သည် သွား​၍ ကျောက်တုံး​ကို​တံဆိပ်​ခတ်​ကာ အစောင့်​တပ်သား​ကို​ချ​ထား​လျက် သင်္ချိုင်း​ဂူ​ကို​စောင့်ကြပ်​စေ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos