မြည်တမ်းစကား 2:9 - မြန်မာ့စံမီသမ္မာကျမ်း9 မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။ Ver CapítuloCommon Language Bible9 မြို့တံခါးတို့သည်ကန့်လန့်ကျင်များကျိုးပဲ့ကာ အမှိုက်ပုံအောက်တွင်မြုပ်၍နေလေ၏။ ရှင်ဘုရင်နှင့်မင်းညီမင်းသားတို့သည်ယခုအခါ တိုင်းတစ်ပါးတွင်ပြည်နှင်ဒဏ်သင့်လျက်ရှိကြ၏။ ပညတ်တရားတော်ကိုသွန်သင်မှုမရှိတော့ သဖြင့် ပရောဖက်များသည်ထာဝရဘုရား၏ ထံတော်မှ ဗျာဒိတ်ရူပါရုံများကိုမတွေ့မမြင်ရကြ။ Ver CapítuloGarrad Bible9 မင်း ထုပ် များ ကို ချိုး ဖျက် တော် မူ သည့် အ လျောက်၊ မြို့ တံ ခါး များ သည် မြေ တွင် နစ် မြုပ် လျက်၊ ဘု ရင် မင်း နှင့် မှူး မတ် တို့ သည်၊ လူ မျိုး ခြား ဘောင် တွင် နေ လျက်၊ တ ရား တော် သည်၊ ပ ပျောက် လျက်၊ ပ ရော ဖက် တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ ရူ ပါ ရုံ မဲ့ လျက်၊ နေ ကြ သည် တ ကား။ Ver CapítuloJudson Bible9 မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။ Ver Capítulo |