မြည်တမ်းစကား 2:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။ Ver CapítuloCommon Language Bible1 ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။ Ver CapítuloGarrad Bible1 အ ရှင် ဘု ရား သည်၊ သ တို့ သ မီး ဇိ အုန် ကို အ မျက် တော် တိမ် တိုက် ဖြင့် ဖုံး လွှမ်း တော် မူ လေ စွ။ အ မျက် တော် ထား ရာ နေ့ ရက်၌၊ ခြေ တော် တင် ရာ ကို သ တိ မ ရ ဘဲ၊ ဣ သ ရေ လ လူ မျိုး၏ တင့် တယ် ခြင်း ကို၊ မိုး မှ မြေ သို့ ပစ် ချ တော် မူ လေ ပြီ။ Ver CapítuloJudson Bible1 ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင်ရာခုံကို မအောက်မေ့ဘဲ နေတော်မူပါပြီတကား။ Ver Capítulo |