Biblia Todo Logo
La Biblia Online
- Anuncios -




မြည်​တမ်း​စ​ကား 1:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဇိအုန်​သမီး​၏​ခန့်ညားထည်ဝါမှု​သည် သူ့​ကို စွန့်ပစ်​လေ​ပြီ​။ သူ​၏​အကြီးအကဲ​တို့​သည် စားကျက်မြေ​ကို​ရှာ​မ​တွေ့​သော သမင်​များ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ လိုက်​သော​သူ​တို့​ရှေ့​၌ အားအင်ချည့်နဲ့​စွာ​ဖြင့် ပြေး​ကြ​ရ​လေ​ပြီ​။

Ver Capítulo Copiar

Common Language Bible

6 ယေ​ရု​ရှ​လင်​မြို့​၏​ကြီး​ကျယ်​ခမ်း​နား​မှု​သည် ရှေး​အ​တိတ်​ကာ​လ​၏​ဖြစ်​ရပ်​တစ်​ခု​သာ​လျှင် ဖြစ်​လေ​တော့​၏။ သူ​၏​ခေါင်း​ဆောင်​များ​သည်​မု​ဆိုး​တို့​၏​ဘေး​မှ ထွက်​ပြေး​ကြ​သည့်​သ​မင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​အား​အင်​ကုန်​ခန်း​လု​မ​တတ်​ဖြစ်​ကာ နား​နေ​စား​သောက်​မှု​ပြု​ရန်​စား​ကျက်​ကို​မ​ရှာ​နိုင်။

Ver Capítulo Copiar

Garrad Bible

6 သ တို့ သ မီး ဇိ အုန် မှ၊ စည်း စိမ် ရှိ သ မျှ ကွယ် ပျောက် သ ဖြင့်၊ မှူး မတ် တို့ သည်၊ စား ကျက် မဲ့ သော သ မင် များ ကဲ့ သို့၊ အ မဲ လိုက် သူ တို့ ရှေ့ အား လျော့၍ ပြေး ရ ကြ၏။

Ver Capítulo Copiar

Judson Bible

6 ဇိ​အုန်​သ​တို့​သ​မီး၏ ဂုဏ်​အ​သ​ရေ​သည် အ​ကြွင်း​မဲ့​ကွယ်​ပျောက်၏။ သူ၏​မင်း​သား​တို့​သည် ကျက်​စား​ရာ​ကို ရှာ၍​မ​တွေ့​သော သ​မင်​ဒ​ရယ်​ကဲ့​သို့ ဖြစ်၍၊ လိုက်​သော​သူ​ရှေ့​မှာ အား​မ​ရှိ​ဘဲ ပြေး​သွား​ကြ​ပြီ။

Ver Capítulo Copiar




မြည်​တမ်း​စ​ကား 1:6
31 Referencias Cruzadas  

ထို​ဘုရင်​ကို​ရည်ညွှန်း​၍ ထာဝရဘုရား​က ‘​ဇိအုန်​သမီးပျို​သည် သင့်​ကို​မထီမဲ့မြင်ပြု​လေ​ပြီ​။ သင့်​ကို​ပြက်ရယ်ပြု​လေ​ပြီ​။ ဂျေရုဆလင်​သမီးပျို​သည် သင့်​နောက်မှ​နေ​၍ ခေါင်းခါယမ်း​လေ​ပြီ​။


နောက်ဆုံး​၌ မြို့ရိုး​ကျိုးပေါက်​သွား​ပြီး ခါလဒဲ​စစ်သည်​တို့​က မြို့​ကို​ဝိုင်းရံ​ထား​ကြ​သော်လည်း ရှင်ဘုရင်​နှင့်တကွ စစ်သူရဲ​အပေါင်း​တို့​သည် ညအချိန်​တွင် ဘုရင့်​ဥယျာဉ်​တော်​အနီး မြို့ရိုး​နှစ်​ခု​ကြား​ရှိ​တံခါး​မှ​ထွက်​၍ အရာဗ​လွင်ပြင်​သွား​ရာ​လမ်း​အတိုင်း ထွက်ပြေး​ကြ​၏​။


ခါလဒဲ​စစ်သည်​တို့​သည်​လည်း ရှင်ဘုရင်​နောက်သို့​လိုက်​ကြ​ရာ ဇေဒကိ​မင်းကြီး​ကို ဂျေရိခေါ​လွင်ပြင်​၌ မီ​လေ​၏​။ သူ​၏​စစ်သည်​အပေါင်း​တို့​သည်​လည်း တကွဲတပြား​ထွက်ပြေး​ကြ​၏​။


ဘုရားသခင်​သည် လှပ​ခြင်း​နှင့်​ပြည့်စုံ​သော ဇိအုန်​ပေါ်မှ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​၏​။


သန့်ရှင်း​ခြင်း​အသရေ​တော်​နှင့်​ပြည့်စုံ​သော​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။


သစ္စာစောင့်​သော​မြို့​သည် ပြည့်တန်ဆာ​ကဲ့သို့​ဖြစ်သွား​ပါ​သည်​တကား​။ ယခင်က တရားမျှတမှု​နှင့်​ပြည့်ဝ​ရာ​၊ ဖြောင့်မတ်​ခြင်း​တည်​ရာ မြို့​သည် ယခုအခါ လူသတ်သမား​တို့​နေရာ ဖြစ်​သွား​ပါ​သည်​တကား​။


အို ဇိအုန်​မြို့သား​တို့​၊ ကြွေးကြော်​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အကြောင်းမူကား သင်​တို့​တွင် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် ကြီးမြတ်​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


ထာဝရဘုရား​သည် ဇိအုန်​တောင်​၏​ဓမ္မစည်းဝေး​ရာ​နေရာ​မှစ၍ ထို​တောင်​၏​နေရာ​အနှံ့​တွင် နေ့အချိန်​၌ မိုးတိမ်​နှင့်​မီးခိုး​ကို​လည်းကောင်း​၊ ညအချိန်​၌ တောက်ပ​သော​မီးလျှံ​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​တော်မူ​မည်​။ အကယ်စင်စစ် ဘုန်းအသရေ​ရှိသမျှ​တို့​အပေါ်​၌ မျက်နှာကြက်​ရှိ​မည်​။


ရှင်ဘုရင်​နှင့်​မယ်တော်​အား “​သင်​တို့​၏​ဘုန်း​သရဖူ​သည် သင်​တို့​၏​ခေါင်း​မှ ပြုတ်ကျ​ပြီ​ဖြစ်၍ နိမ့်ကျ​သော​နေရာ​၌ ထိုင်​လော့​”​ဟု ပြော​လော့​။


“ဂျေရုဆလင်​မြို့​မှ​ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သုံ့ပန်း​အပေါင်း​တို့​အား အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က


မြင်းခွာသံ​တခွပ်ခွပ်​၊ စစ်ရထား​သံ​တဂျုန်းဂျုန်း​၊ ဘီးလိမ့်​သံ​တဒုန်းဒုန်း​ကြောင့် ဖခင်​တို့​သည် လက်မှိုင်ချ​၍ သူ​တို့​၏​ကလေး​များ​ကို​ပင် လှည့်​မ​ကြည့်​နိုင်​ကြ​။


ကေရုတ်​မြို့​ကို ဝိုင်း​ထား​ကြ​၍ ရဲတိုက်​များ​ကို သိမ်းပိုက်​လိမ့်မည်​။ ထို​နေ့ရက်​၌ မောဘ​စစ်သူရဲ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​ခံစား​ရ​သော​မိန်းမ​ကဲ့သို့ ကြောက်လန့်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဇေဒကိ​မင်းကြီး​၏​မျက်စိ​ကို​လည်း​ဖောက်ထုတ်​၏​။ ဘေဘီလုံ​ဘုရင်​သည် သူ့​ကို ကြေးနီ​ကြိုး​ဖြင့်​ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့​ခေါ်ဆောင်​သွား​ပြီး အနိစ္စ​ရောက်​သော​နေ့​အထိ ထောင်​ထဲ၌​ထည့်​ထား​၏​။


သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။


အချင်း​လူသား​၊ ယခုမူ သူ​တို့​ဂုဏ်ယူအားထား​ရာ​ခံတပ်ကြီး​၊ သူ​တို့​နှစ်သက်မြတ်နိုး​ရာ​၊ ချစ်ခင်​စွဲလမ်း​ရာ​နှင့် သူ​တို့​သား​သမီး​တို့​ကို ငါ​သိမ်းယူ​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။


ထာဝရဘုရား​သည် သင့်​ရန်သူ​တို့​ရှေ့​၌ သင့်​ကို​ရှုံးနိမ့်​စေ​တော်မူ​မည်​။ သင်​သည် လမ်း​တစ်လမ်းတည်း​ဖြင့် သူ​တို့​ထံသို့​လာ​သော်လည်း သူ​တို့​ထံ​မှ လမ်း​ခုနစ်​လမ်း​ဖြင့် ထွက်ပြေး​ရ​မည်​။ မြေကြီး​ပေါ်​ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် သင်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။


သူ​တို့​၏​ကျောက်ဆောင်​သည် သူ​တို့​ကို​ရောင်း​ပစ်​တော်​မ​မူ​လျှင်​၊ ထာဝရဘုရား​သည် သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​လျှင် လူ​တစ်​ယောက်​သည် လူ​တစ်ထောင်​ကို မည်သို့​လိုက်​နိုင်​မည်နည်း​။ လူ​နှစ်​ယောက်​သည် လူ​တစ်သောင်း​ကို မည်သို့​ထွက်ပြေး​စေ​နိုင်​မည်နည်း​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos