မြည်တမ်းစကား 1:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။ Ver CapítuloCommon Language Bible11 သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။ Ver CapítuloGarrad Bible11 မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ညည်း တွား၍၊ အ စား အ သောက် ကို လိုက် ရှာ လျက်၊ အ သက် မွေး ရန် ရိ က္ခာ အ စား၊ ရ တ နာ များ ကို လဲ လှယ် ကြ သည့် အ တိုင်း၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည်၊ မ ထီ လေး စား ဖွယ် ရာ ရောက် ပါ ပြီ။ ရှု ကြည့် မှတ် ယူ တော် မူ ပါ ဟု၊ တောင်း လျှောက် ကြ လေ ပြီ။ Ver CapítuloJudson Bible11 သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မုန့်ကိုရှာလျက် နေကြ၏။ သေဘေးနှင့် လွတ်ခြင်းငှာ မိမိစည်းစိမ်ကို စားစရာဖို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှုဆင်ခြင်တော်မူပါ။ Ver Capítulo |