မိက္ခာ 6:1 - မြန်မာ့စံမီသမ္မာကျမ်း1 ယခု နားထောင်လော့။ ထာဝရဘုရားက “ထ၍ တောင်တန်းများရှေ့တွင် သင်၏အမှုကို တင်ပြလော့။ သင့်အသံကို တောင်ကုန်းများလည်း ကြားပါစေ။ Ver CapítuloCommon Language Bible1 ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏စွပ်စွဲတော်မူချက်ကိုနားထောင်လော့။ အို ထာဝရဘုရား၊ ထတော်မူ၍ကိုယ်တော် ၏စွပ်စွဲချက်ကိုမိန့်တော်မူပါ။ ကိုယ်တော် မိန့်တော်မူချက်ကိုတောင်နှင့်တောင်ကုန်း များကြားကြပါစေ။ Ver CapítuloGarrad Bible1 သင် တို့ ကြား နာ ရ သော ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကား၊ ထ ၍ တောင် များ ရှေ့ ဘက် ပြိုင် လျက်၊ ဘက် ပြိုင် ချက် ကို ကုန်း များ ကြား ကြ စေ။ Ver CapítuloJudson Bible1 ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။ Ver Capítulo |