မိက္ခာ 5:12 - မြန်မာ့စံမီသမ္မာကျမ်း12 သင်တတ်မြောက်သောမှော်အတတ်များကို သင့်ထံမှ ငါဖယ်ရှားပစ်မည်။ ဗေဒင်ဟောသောသူများလည်း သင်၌ ရှိတော့မည်မဟုတ်။ Ver CapítuloCommon Language Bible12 ငါသည်သင်တို့ဆောင်ထားသောအင်းအိုင် လက်ဖွဲ့များကိုဖျက်ဆီးသဖြင့် သင်တို့တွင် ဗေဒင်ဟောသူမရှိစေရ။- Ver CapítuloGarrad Bible12 လက် ဝယ် ရှိ ယ တြာ များ ကို ပယ် ရှား၍၊ ဗေ ဒင် တတ် တို့ ကို ပ စေ ခြင်း၊ Ver CapítuloJudson Bible12 သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။ Ver Capítulo |
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။