မိက္ခာ 3:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုသူတို့သည် ထာဝရဘုရားထံအော်ဟစ်ဆုတောင်းသော်လည်း ကိုယ်တော်သည် သူတို့ကို ထူးတော်မူမည်မဟုတ်။ သူတို့သည် ဆိုးညစ်သောအမှုကို ပြုကြသောကြောင့် ထိုကာလတွင် ကိုယ်တော်သည် သူတို့ထံမှ မျက်နှာလွှဲတော်မူမည်။ Ver CapítuloCommon Language Bible4 သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။ Ver CapítuloGarrad Bible4 ထို ကာ လ၊ ထာ ဝ ရ ဘု ရား ထံ ထို သူ တို့ ဟစ် ကြ သော် လည်း၊ ဆိုး သွမ်း မှု ပြု ကျင့် လေ့ ရှိ ကြ သော ကြောင့်၊ ထူး တော် မ မူ ဘဲ မျက် နှာ တော် လွှဲ လိမ့် မည်။ Ver CapítuloJudson Bible4 သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြသော်လည်း နားထောင်တော်မမူ။ ဒုစရိုက်ကို ပြုကြသည်နှင့်အညီ၊ ထိုကာလ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့်မည်။ Ver Capítulo |
ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။