မိက္ခာ 2:9 - မြန်မာ့စံမီသမ္မာကျမ်း9 သင်တို့သည် ငါ့လူမျိုးတော်တို့၏မိန်းမတို့ကို သူတို့မွေ့လျော်ရာအိမ်မှ နှင်ထုတ်ပစ်၏။ သူတို့၏သားသမီးများထံမှ ငါ၏ဘုန်းကို အပြီးအပိုင်နုတ်ယူကြပြီ။ Ver CapítuloCommon Language Bible9 သင်တို့သည်ငါ၏လူမျိုးတော်တို့၏အမျိုး သမီးများကိုသူတို့မြတ်နိုးသောနေအိမ် များမှနှင်ထုတ်ကြ၍ သူတို့သားသမီးများ အနာဂတ်ကောင်းစားရေးမျှော်လင့်ချက် ဖြစ်သည့် ထာဝရဘုရား၏ကောင်းချီး မင်္ဂလာကိုပျက်ပြားစေကြ၏။- Ver CapítuloGarrad Bible9 သာ ယာ အိမ် များ မှ၊ လူ မျိုး တော် မိန်း မ တို့ ကို နှင် ထုတ် ခြင်း၊ သူ ငယ် တို့ မှ၊ ငါ့ ဘုန်း ဂုဏ် ကို ရုပ် သိမ်း ခြင်း ပြု ကြ လေ စွ။ Ver CapítuloJudson Bible9 ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲကနှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နုတ်ယူကြပြီ။ Ver Capítulo |
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။