မာလခိ 4:5 - မြန်မာ့စံမီသမ္မာကျမ်း5 ကြည့်ရှုလော့။ ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ ပရောဖက်ဧလိယကို သင်တို့ထံသို့ ငါစေလွှတ်မည်။ Ver CapítuloCommon Language Bible5 ``သို့ရာတွင်ယင်းသို့ကြောက်မက်ဖွယ်ရာ နေ့ကြီး မကျမရောက်မီငါသည်ပရော ဖက်ဧလိယကိုသင်တို့ထံသို့စေလွှတ် မည်။- Ver CapítuloGarrad Bible5 ငါ ထာ ဝ ရ ဘု ရား၏ ကြောက် မက် ဖွယ် နေ့ တော် ကြီး မ တိုင် မီ၊ ပ ရော ဖက် ဧ လိ ယ ကို သင် တို့ ထံ ငါ စေ လွှတ် မည့် အ လျောက်၊ Ver CapítuloJudson Bible5 ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။ Ver Capítulo |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အဖတို့၏စိတ်နှလုံးတို့ကို သားသမီးတို့ထံသို့လည်းကောင်း၊ နာခံခြင်းမရှိသောသူတို့ကို ဖြောင့်မတ်သောသူတို့၏အသိပညာထဲသို့လည်းကောင်း ပြန်လှည့်လာစေရန်နှင့် ပြင်ဆင်ထားသောလူမျိုးတော်ကို ထာဝရဘုရားအတွက်အသင့်ဖြစ်စေရန် ဧလိယ၏ဝိညာဉ်နှင့်တန်ခိုးတို့ဖြင့် ကိုယ်တော်၏ရှေ့တော်မှ ဦးစွာသွားနှင့်မည်”ဟု မြွက်ဆိုလေ၏။