Biblia Todo Logo
La Biblia Online
- Anuncios -




မာ​လ​ခိ 2:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 “သင်​တို့​သည် ငါ့​တရားလမ်း​ကို​မ​လိုက်​၊ မျက်နှာရ​ဖို့​သာ​သွန်သင်​တတ်​ကြ​သောကြောင့် ငါ​သည် သင်​တို့​ကို လူ​အပေါင်း​တို့​ရှေ့​တွင် မထီမဲ့မြင်ပြုစရာ​၊ ရှုတ်ချစရာ​ဖြစ်စေ​မည်​။”

Ver Capítulo Copiar

Common Language Bible

9 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အား​ပ​ညတ် တော်​များ​ကို သွန်​သင်​ရာ​၌​မျက်​နှာ​ကြီး​ငယ် လိုက်​ကြ​သ​ဖြင့် ငါ​သည်​လည်း​သင်​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စက်​ဆုတ်​ရွံ​ရှာ အောင်​ပြု​မည်။

Ver Capítulo Copiar

Garrad Bible

9 နည်း လမ်း တော် ကို မ စောင့် ရှောက် ဘဲ၊ မျက် နှာ ငဲ့ ၍ တ ရား ဟော ကြ သည် နှင့် အ မျှ၊ လူ အ ပေါင်း တို့ ရှေ့ မ ထီ လေး စား ဖွယ် ရာ၊ ယုတ် မာ ရာ အ ဖြစ်၊ သင် တို့ ကို ငါ ထား လေ ပြီ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

Ver Capítulo Copiar

Judson Bible

9 သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။

Ver Capítulo Copiar




မာ​လ​ခိ 2:9
30 Referencias Cruzadas  

ထိုအခါ မိက္ခာယ​က “​အရှင်မင်းကြီး ဘေးကင်း​စွာ​အမှန်​ပြန်လာ​ရ​သည်​ဆို​လျှင် အကျွန်ုပ်​အားဖြင့် ထာဝရဘုရား​မိန့်မှာ​သည်​မ​ဟုတ်​”​ဟု ပြန်ပြော​ပြီးလျှင် “​လူ​အပေါင်း​တို့​၊ ငါ့​စကား​ကို မှတ်ထား​ကြ​လော့​”​ဟု ဆို​၏​။


မည်သူ့​ကို​မျှ မျက်နှာ​မ​လိုက်​ပါ​။ မည်သူ့​ကို​မျှ မျက်နှာချိုသွေး​ပြီး မ​ပြော​ပါ​။


ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အောက်မေ့စရာ​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​၏​အမည်​မူကား ပျောက်ပျက်​သွား​လိမ့်မည်​။


လူ​သည် မိမိ​၏​ဉာဏ်စွမ်း​နှင့်အညီ ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်​သော​စိတ်သဘော​ရှိ​သူ​မူကား မထီမဲ့မြင်ပြု​ခြင်း​ခံရ​လိမ့်မည်​။


သင်​တို့​၏​ခေါင်းခြုံပဝါ​ကို ငါ​ဆုတ်ဖြဲ​ပစ်​မည်​။ ငါ့​လူမျိုး​တော်​ကို သင်​တို့​လက်​မှ​ကယ်​မည်​။ သားကောင်​အဖြစ် နောက်တစ်ဖန် သင်​တို့​လက်​သို့ မ​ရောက်​ရ​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။


ဘေးဒုက္ခ တစ်​ခု​ပြီး​တစ်​ခု ရောက်လာ​မည်​။ သတင်းစကား တစ်​ခု​ပြီး​တစ်​ခု ကြား​ရ​မည်​။ ပရောဖက်​တို့​ထံမှ ဗျာဒိတ်နိမိတ်​ကို မေးမြန်း​သော်လည်း ရ​မည်​မ​ဟုတ်​။ ယဇ်ပုရောဟိတ်​တို့​ထံမှ တရားတော်​၊ သက်ကြီးဝါကြီး​တို့​ထံမှ အကြံဉာဏ်​တို့​သည်​လည်း ပျောက်ဆုံး​လိမ့်မည်​။


အကြီးအမှူး​တို့​သည် တံစိုးလက်ဆောင်​ရ​ရန် တရားစီရင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း အဖိုးအခ​ရ​ရန် သွန်သင်​ကြ​၏​။ ပရောဖက်​တို့​သည်​လည်း ငွေ​ရ​ရန် ဂမ္ဘီရအတတ်​ဖြင့် ဟောပြော​ကြ​၏​။ ထာဝရဘုရား​ကို အမှီပြု​၍​လည်း “​ထာဝရဘုရား​သည် ငါ​တို့​အလယ်​တွင်​ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ ငါ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​ကြ​၏​။


သင့်​အပေါ်​သို့ မစင်​ကို ပစ်ချ​မည်​။ သင့်​ကို မထီမဲ့မြင်ပြု​မည်​။ သင့်​ကို သူတစ်ပါး​ကြည့်စရာ ဖြစ်​စေ​မည်​။


“​သင့်​သားစဉ်မြေးဆက်​တို့​ကို​လည်း ငါ​ဆုံးမ​မည်​။ သင်​တို့​၏​မျက်နှာ​ကို မစင်​နှင့် ပက်​မည်​။ ယဇ်ပူဇော်ပွဲ​မှ​တိရစ္ဆာန်​တို့​၏​မစင်​နှင့် ပက်​မည်​။ သင်​တို့​သည် ထို​မစင်​နှင့်အတူ လွှင့်ပစ်​ခြင်း​ကို ခံရ​မည်​။


သို့သော် သင်​တို့ လမ်း​လွဲ​လေ​ပြီ​။ သင်​တို့​၏​သွန်သင်ချက်​များ​ဖြင့် လူ​အများ​ကို ခလုတ်တိုက်​လဲကျ​စေ​ပြီ​။ လေဝိ​အမျိုး​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို သင်​တို့ ချိုးဖောက်​လေ​ပြီ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ထို​သူ​သည် မိမိကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​လို​၍ “သို့ဖြစ်လျှင် မည်သူ​သည် အကျွန်ုပ်​၏​ဝန်းကျင်​၌​ရှိ​သော​သူ​ဖြစ်​သနည်း”​ဟု ယေရှု​အား မေးလျှောက်​လေ​၏။


သို့သော် ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဟင်းသီးဟင်းရွက်​အမျိုးမျိုး​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေး​လှူ​ကြ​သော်လည်း တရားမျှတ​ခြင်း​နှင့် ဘုရားသခင်​အပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ဥပေက္ခာ​မ​ပြု​ရ။


ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ယခင်က မည်ကဲ့သို့သော​သူ​ဖြစ်​ပါစေ ငါ့​အတွက်​အကြောင်း​မ​ဟုတ်။ ဘုရားသခင်​သည် လူ့​မျက်နှာ​ကို​ထောက်​တော်​မ​မူ။ အမှန်စင်စစ် ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ငါ့​အပေါ် မည်သည့်​အရာ​ကို​မျှ မ​ဖြည့်စွက်​ခဲ့​ကြ​ပေ။


သင်​တို့​သည် တရားစီရင်​သောအခါ မျက်နှာကြီး​၊ မျက်နှာငယ် ဟူ၍​မျက်နှာ​မ​လိုက်​ဘဲ ကြားနာ​စစ်ဆေး​ရ​မည်​။ တရားစီရင်​ခြင်း​ကို ဘုရားသခင်​ပိုင်​တော်မူ​သောကြောင့် မည်သူ့​ကို​မျှ မ​ကြောက်​နှင့်​။ ခက်ခဲ​သော​အမှု​ကို ငါ့​ထံ တင်ပြ​လော့​။ ငါ ကြားနာ​စစ်ဆေး​ပေး​မည်​’​ဟု ငါ​ပြော​ခဲ့​၏​။


ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘သင့်​အမျိုးအနွယ်​နှင့်​သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​သည် ငါ့​ရှေ့​၌ အစဉ်​ဝင်ထွက်​သွားလာ​ရ​မည်’​ဟူ၍ ငါ​အမှန်ဆို​ခဲ့​၏​။ ယခုမှာ ထာဝရဘုရား​က ‘ထို​မိန့်ဆိုချက်​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ့​ကို​ဂုဏ်ပြုချီးမြှောက်​သော​သူ​ကို ငါ​ဂုဏ်ပြုချီးမြှောက်​မည်​။ ငါ့​ကို​မထီမဲ့မြင်ပြု​သော​သူ​တို့​သည် မထီမဲ့မြင်ပြု​ခြင်း​ခံရ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos