မာလခိ 1:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရားက “သင်တို့ကို ငါချစ်၏”ဟု မိန့်ဆိုလျှင် သင်တို့က “ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ချစ်သနည်း”ဟု မေးကြ၏။ ထာဝရဘုရားက “ဧသောနှင့် ယာကုပ်သည် ညီအစ်ကို ဖြစ်သည်မဟုတ်လော။ ယာကုပ်ကို ငါချစ်၏။ Ver CapítuloCommon Language Bible2 ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏'' ဟုမိန့်တော်မူသော် လည်း၊ သူတို့က``ကျွန်တော်မျိုးအတွက်မေတ္တာတော် ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားကလည်း``ဧသောနှင့် ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊- Ver CapítuloGarrad Bible2 ငါ သည် သင် တို့ ကို ချစ် ခင် လေ ပြီ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ရာ၌၊ သင် တို့ က၊ မည် သို့ ချစ် တော် မူ သ နည်း ဟု ငြင်း ခုံ ကြ လေ စွ။ ဧ သော သည် ယာ ကုပ်၏ အစ် ကို ဖြစ် သည် မ ဟုတ် လော။ Ver CapítuloJudson Bible2 ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ်တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏အစ်ကို ဖြစ်သည်မဟုတ်လော။ သို့သော်လည်း ယာကုပ်ကိုငါချစ်၏။ Ver Capítulo |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။