ဗျာဒိတ် 7:3 - မြန်မာ့စံမီသမ္မာကျမ်း3 “ငါတို့ဘုရားသခင်၏အစေအပါးတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်မပြီးမချင်း မြေကြီး၊ ပင်လယ်နှင့် သစ်ပင်တို့ကို ဘေးမသင့်စေနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်၏။ Ver CapítuloCommon Language Bible3 ``ငါတို့ဘုရားသခင်၏အစေခံတို့နဖူး တွင်တံဆိပ်တော်ကိုငါတို့မခတ်နှိပ်ရသေး မီသင်တို့သည်ကုန်းမြေ၊ ပင်လယ်၊ သစ်ပင်တို့ အားမည်သို့မျှဘေးဥပဒ်မသက်ရောက်စေ ကြနှင့်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။- Ver CapítuloGarrad Bible3 ငါ တို့၏ ဘု ရား သ ခင့် ကျွန် များ ကို န ဖူး တွင် တံ ဆိပ် ခတ်၍ မ ပြီး မီ ရေ မြေ သစ် ပင် များ ကို အ န္တ ရာယ် မ ပြု နှင့် ဦး ဟု ကျယ် သော အ သံ နှင့် ဟစ် ကြွေး လျက် နေ သည် ကို ငါ မြင် ရ ၏။ Ver CapítuloJudson Bible3 ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဥ်းဆဲပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း3 “ဘုရားသခင်၏အစေခံတို့ကို နဖူး၌တံဆိပ်မခတ်မီအထိ မြေကြီး၊ ပင်လယ်နှင့် သစ်ပင်တို့ကို မဖျက်ဆီးနှင့်” ဟူ၍ဖြစ်၏။ Ver Capítulo |
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။