ဗျာဒိတ် 7:16 - မြန်မာ့စံမီသမ္မာကျမ်း16 သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည်မဟုတ်။ နေ၊ သို့မဟုတ် အခြားမည်သည့်အပူရှိန်မျှ သူတို့အပေါ်ကျရောက်မည်မဟုတ်။ Ver CapítuloCommon Language Bible16 သူတို့သည်နောက်တစ်ဖန်အစာရေစာ မငတ်မွတ်ရကြ။ နေရောင်ခြည်သည်လည်း ကောင်း၊ ပြင်းထန်သောအပူရှိန်သည်လည်း ကောင်းသူတို့အပေါ်သို့မကျရောက်ရ။- Ver CapítuloGarrad Bible16-17 ပ လ္လင် တော့် အ လယ် စံ သိုး ငယ် တော် လည်း ထိန်း ကျောင်း လျက် အ သက် စမ်း ရေ များ ရှိ ရာ သို့ လမ်း ပြ တော် မူ လ တ္တံ့ သော ကြောင့် သူ တို့ သည် ရေ ငတ် ခြင်း၊ ဆာ မွတ် ခြင်း ကင်း လျက် နေ ရှိန် လေ ပူ ထိ ရ တော့ မည် မ ဟုတ်။ မျက် ရည် ကျ သ မျှ ကို လည်း ဘု ရား သ ခင် သုတ် တော် မူ လိမ့် မည် ဟု ပြန် ဆို လေ ၏။ Ver CapítuloJudson Bible16 သူတို့သည် နောက်တစ်ဖန် ရေစာကို မငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 သူတို့သည် နောက်တစ်ဖန် ဆာလောင်တော့မည်မဟုတ်။ ရေငတ်တော့မည်မဟုတ်။ နေရောင်ခြည်နှင့် ပြင်းထန်သောအပူဒဏ်ကြောင့်လည်း ထိခိုက်မှုရှိတော့မည်မဟုတ်။ Ver Capítulo |
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။