ဗျာဒိတ် 7:11 - မြန်မာ့စံမီသမ္မာကျမ်း11 ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်၊ သက်ကြီးဝါကြီးတို့နှင့် သတ္တဝါလေးပါးတို့၏ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည်လည်း ပလ္လင်တော်ရှေ့၌ပျပ်ဝပ်လျက် ဘုရားသခင်ကိုရှိခိုးကာ Ver CapítuloCommon Language Bible11 ကောင်းကင်တမန်အပေါင်းတို့သည်ပလ္လင် တော်ကိုလည်းကောင်း၊ အကြီးအကဲများ နှင့်သက်ရှိသတ္တဝါလေးပါးတို့ကိုလည်း ကောင်းဝိုင်းရံလျက်ရပ်ကြ၏။ ထိုနောက်သူ တို့သည်ပလ္လင်တော်ရှေ့၌ပျပ်ဝပ်ကာဘုရား သခင်အားရှိခိုးကြ၏။- Ver CapítuloGarrad Bible11 ထို အ ခါ ပ လ္လင် တော် အ ကြီး အ ကဲ တို့ နှင့် သ တ္တ ဝါ လေး ပါး တို့ ပတ် လည်၌ ရပ် နေ သော စေ တ မန် တော် ခပ် သိမ်း တို့ လည်း ပလ္လင် တော့် ရှေ့ ပျပ် ဝပ် ဦး ညွှတ်၍ ဘု ရား သ ခင် ကို ရှိ ခိုး လျက် အာ မင်၊ ငါ တို့ ဘု ရား သ ခင် သည်၊ Ver CapítuloJudson Bible11 ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်းကင်တမန်အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာ ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ကောင်းကင်တမန်အပေါင်းတို့သည် ရာဇပလ္လင်တော်၊ အကြီးအကဲများနှင့် သတ္တဝါလေးပါးတို့၏ ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည် ပလ္လင်တော်ရှေ့၌ ဝပ်တွားခယလျက် ဘုရားသခင်ကို ကိုးကွယ်ကြ၏။ Ver Capítulo |
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။