ဗျာဒိတ် 6:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထို့နောက် သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာသော စကားသံနှင့်တူသည့်အသံက “ဂျုံဆန်တစ်ခွက်လျှင် ဒေနာရိတစ်ပြား၊ မုယောဆန်သုံးခွက်လျှင်လည်း ဒေနာရိတစ်ပြားဖြစ်၏။ ဆီနှင့်စပျစ်ဝိုင်ကို မပျက်စေနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။ Ver CapítuloCommon Language Bible6 သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာ သည်ဟုထင်ရသောအသံတစ်ခုကိုငါကြား ရ၏။ ထိုအသံက``ဂျုံဆန်တစ်ခွက်ကိုတစ်နေ့ စာလုပ်အားခပေးရ၏။ သို့ရာတွင်သံလွင် ဥယျာဉ်နှင့်စပျစ်ဥယျာဉ်များကိုမဖျက် ဆီးကြနှင့်'' ဟုဆို၏။ Ver CapítuloGarrad Bible6 မြင် ရ သည့် အ ပြင် ဂျုံ တစ် စ လယ် လျှင် တစ် ကျပ်၊ မု ယော သုံး စ လယ် လျှင် တစ် ကျပ် ဖြစ် စေ တော့။ ဆီ နှင့် စ ပျစ် ရည် ကို ကား မ ထိ နှင့် ဟူ သော မိန့် ဆို သံ ကို သ တ္တ ဝါ လေး ပါး အ လယ် က ကဲ့ သို့ ကြား ရ၏။ Ver CapítuloJudson Bible6 သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်ဟု ဆိုသည်ကိုငါကြား၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထိုအခါ သတ္တဝါလေးပါးတို့အလယ်မှ ထွက်လာသည်ဟု ထင်ရသော အသံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ “ဂျုံတစ်ခွက်လျှင် ငွေဒင်္ဂါးတစ်ပြားပေးရ၏။ မုယောဆန်သုံးခွက်လျှင် ငွေဒင်္ဂါးတစ်ပြားပေးရ၏။ ဆီနှင့် စပျစ်ဝိုင်ကို မပျက်စေနှင့်” ဟူ၍ဖြစ်၏။ Ver Capítulo |
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။