ဗျာဒိတ် 5:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ သတ္တဝါလေးပါးတို့က “အာမင်”ဟု ဆိုကြ၏။ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်လျက်ရှိခိုးကြ၏။ Ver CapítuloCommon Language Bible14 သတ္တဝါလေးပါးတို့က``အာမင်'' ဟုတုံ့ပြန်ကြ ၏။ အကြီးအကဲတို့သည်လည်းပျပ်ဝပ်ရှိခိုး ကြ၏။ Ver CapítuloGarrad Bible14 အာ မင် ဟု သ တ္တ ဝါ လေး ပါး လိုက် ဆို ကြ သည် ကို ငါ ကြား ရ၏။ အ ကြီး အ ကဲ တို့ လည်း ပျပ် ဝပ် ရှိ ခိုး ကြ ကုန်၏။ Ver CapítuloJudson Bible14 သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပျပ်ဝပ်၍ ကိုးကွယ်ကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထိုအခါ သတ္တဝါလေးပါးက “အာမင်” ဟုဆိုကြ၏။ အကြီးအကဲတို့သည်လည်း ဘုရားသခင်နှင့် သိုးသငယ်တော်ကို ဝပ်တွားခယလျက် ကိုးကွယ်ကြ၏။ Ver Capítulo |
ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။
ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။