ဗျာဒိတ် 3:5 - မြန်မာ့စံမီသမ္မာကျမ်း5 အောင်မြင်သောသူသည် ထိုကဲ့သို့ပင် ဖြူသောဝတ်ရုံကိုဝတ်ဆင်ရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝပယ်ဖျက်မည်မဟုတ်။ ငါသည် သူ၏နာမည်ကို ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းကင်တမန်များရှေ့၌လည်းကောင်း ဝန်ခံမည်။ Ver CapítuloCommon Language Bible5 အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။ Ver CapítuloGarrad Bible5 အောင် မြင် သူ သည် ထို သို့ ဝတ် လုံ ဖြူ ဆင် ရ လိမ့် မည်။ သူ့ အ မည် ကို လည်း အ သက် စာ ရင်း မှ ငါ ချေ ဖျက် မည် မ ဟုတ် ဘဲ ငါ့ ခ မည်း တော် နှင့် စေ တ မန် တော် တို့ ရှေ့ ဝန် ခံ မည်။ Ver CapítuloJudson Bible5 ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တော်တို့ ရှေ့၌လည်းကောင်း သူ၏နာမကို ငါဝန်ခံမည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း5 အောင်မြင်သောသူသည် ထိုသူတို့ကဲ့သို့ပင် ဖြူသောအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ငါသည် သူ၏နာမည်ကို အသက်စာစောင်မှ မည်သည့်အခါမျှ ပယ်ဖျက်မည်မဟုတ်။ သူသည် ငါ့တပည့်ဖြစ်ကြောင်းကို ငါ့ခမည်းတော်နှင့် ခမည်းတော်၏ကောင်းကင်တမန်များရှေ့၌ ငါအသိအမှတ်ပြုမည်။ Ver Capítulo |
သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။