ဗျာဒိတ် 22:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထို့နောက် ကောင်းကင်တမန်က “ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏။ ပရောဖက်တို့၏ဝိညာဉ်များကိုပိုင်သတော်မူသော ထာဝရအရှင်ဘုရားသခင်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိအစေအပါးတို့အားပြသရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏”ဟု မြွက်ဆိုလေ၏။ Ver CapítuloCommon Language Bible6 ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။ Ver CapítuloGarrad Bible6 ထို အ ခါ ဤ အ ချက် များ ကား သ စ္စာ ရှိ၍ ဟုတ် မှန် သည်။ ပ ရော ဖက် တို့ ဉာဏ့် ရှင် ထာ ဝ ရ ဘု ရား သ ခင် သည် မ ကြာ မီ ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ကျွန် တော် ရင်း တို့ အား ထင် ရှား စေ ရန် ကိုယ် တော်၏ စေ တ မန် တော် ကို လွှတ် တော် မူ လိုက်၏။ Ver CapítuloJudson Bible6 ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည်၊ ကာလမကြာမမြင့်မီ ဖြစ်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှာ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 ကောင်းကင်တမန်က “ဤစကားတို့သည် သစ္စာစကား၊ မှန်သောစကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်များကို လှုံ့ဆော်တော်မူသောအရှင် ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အရာများကို မိမိအစေခံတို့အား ပြသရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏” ဟု ကျွန်ုပ်အား ဆို၏။ Ver Capítulo |
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။