ဗျာဒိတ် 22:19 - မြန်မာ့စံမီသမ္မာကျမ်း19 မည်သူမဆို ဤပရောဖက်ပြုဟောပြောသောစာစောင်ထဲမှ စကားလုံးများကိုနုတ်ပယ်လျှင် ဤစာစောင်၌ရေးထားသောအသက်ပင်မှလည်းကောင်း၊ သန့်ရှင်းသောမြို့တော်မှလည်းကောင်း ထိုသူရမည့်ဝေစုကို ဘုရားသခင်သည်နုတ်ပယ်တော်မူလိမ့်မည်။ Ver CapítuloCommon Language Bible19 မည်သူမဆိုဤကျမ်းစောင်ပါပရောဖက် စကားများမှတစ်စုံတစ်ရာကိုနုတ်ပယ်ပါက ထိုသူထံမှဘုရားသခင်သည် ဤကျမ်းစောင်၌ ဖော်ပြသောအသက်ပင်၏အသီးကိုစားသုံးခွင့် နှင့် မြင့်မြတ်သန့်ရှင်းသောမြို့တော်သို့ဝင်စားခွင့် ကိုနုတ်ပယ်တော်မူလိမ့်မည်။ Ver CapítuloGarrad Bible19 ဤ ပ ရော ဖက် ကျမ်း ချက် များ မှ မည် သူ မ ဆို နုတ် ပယ် လျှင် ဤ ကျမ်း ပါ အ သက် ပင် နှင့် သန့် ရှင်း သော မြို့ တော် တွင် ထို သူ့ ဝေ ပုံ ကို ဘု ရား သ ခင် နုတ် ပယ် တော် မူ လိမ့် မည်။ Ver CapítuloJudson Bible19 အကြင်သူသည် ဤစာစောင်၏အနာဂတ္တိစကား အချို့ကိုနုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နုတ်ပယ်တော်မူမည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း19 မည်သူမဆို ဤစာစောင်၌ ပါသော ပရောဖက်ပြုဟောပြောချက်ထဲမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဤစာစောင်၌ ဖော်ပြထားသော အသက်ပင်၏ အသီးကို စားခွင့်နှင့် သန့်ရှင်းသောမြို့တော်သို့ ဝင်ခွင့်ကို ဘုရားသခင်သည် ထိုသူတို့ထံမှ နုတ်ပယ်တော်မူလိမ့်မည်။ Ver Capítulo |
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။