ဗျာဒိတ် 22:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။ Ver CapítuloCommon Language Bible17 ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။ Ver CapítuloGarrad Bible17 ဝိ ညာဉ် တော် နှင့် မင်္ဂ လာ ဆောင် သ တို့ သ မီး က ကြွ လာ တော် မူ ပါ ဟု လျှောက် ဆို ကြ၏။ ကြား နာ သူ က လည်း ကြွ လာ တော် မူ ပါ ဟု လျှောက် စေ၊ ရေ ငတ် သူ ကား လာ စေ၊ သောက် လို သူ ကား အ သက် ရေ ကို အ ဖိုး မဲ့ သောက် စေ။ Ver CapítuloJudson Bible17 ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။ Ver Capítulo |
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။