ဗျာဒိတ် 21:23 - မြန်မာ့စံမီသမ္မာကျမ်း23 ဘုရားသခင်၏ဘုန်းအသရေတော်သည် ထိုမြို့ကိုထွန်းလင်းစေ၍ သိုးသငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သောကြောင့် ထိုမြို့ကိုထွန်းလင်းစေရန် နေနှင့်လတို့ကို မလိုအပ်ပေ။ Ver CapítuloCommon Language Bible23 ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။- Ver CapítuloGarrad Bible23 နေ ရောင် လ ရောင် ကို လည်း အ လို မ ရှိ။ ဘု ရား သ ခင် ဘုန်း တော် သည် ထွန်း လင်း လျက် သိုး ငယ် တော် လည်း မီး ရှုး သ ဖွယ် ဖြစ် တော် မူ ၏။ Ver CapítuloJudson Bible23 ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း23 ဘုရားသခင်၏ဘုန်းအသရေတော်သည် အလင်းပေးတော်မူ၍ သိုးသငယ်တော်သည် ထိုမြို့၏ ဆီမီးသဖွယ် ဖြစ်သောကြောင့် မြို့သည် နေနှင့်လတို့၏အလင်းကို မလိုအပ်ပေ။ Ver Capítulo |
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။
ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။