ဗျာဒိတ် 20:9 - မြန်မာ့စံမီသမ္မာကျမ်း9 သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။ Ver CapítuloCommon Language Bible9 သူတို့သည်ကမ္ဘာအနှံ့အပြားသို့ချီတက်လာ ပြီးလျှင် ဘုရားသခင်၏တပ်စခန်းနှင့်ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသောမြို့ကြီးကိုဝိုင်း ကြ၏။ သို့ရာတွင်ကောင်းကင်မှမီးကျသဖြင့် သူတို့သည်ကျွမ်းလောင်ဖျက်ဆီးခြင်းခံရ ကြ၏။- Ver CapítuloGarrad Bible9 ထို လူ မျိုး တို့ သည် မြေ ကြီး တစ် လျှောက် ချီ လာ ပြီး လျှင် သီး သန့် ထား သူ တို့ တပ် စွဲ ရာ ချစ် ဖွယ် သော မြို့ တော် ကို ဝန်း ဝိုင်း စဉ် ကောင်း ကင် မှ ကျ သော လောင် မီး ဖြင့် ကျွမ်း ကြ ရ မည့် ပြင် လှည့် ဖြား သော မာ နတ် လည်း၊ Ver CapítuloJudson Bible9 ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏ တပ်ကိုလည်းကောင်း၊ ချစ်ဖွယ်သော မြို့တော်ကိုလည်းကောင်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကိုမျိုလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း9 သူတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ ချီတက်လာကြပြီး သန့်ရှင်းသူတို့၏ စခန်းနှင့် ဘုရားသခင်ချစ်တော်မူသောမြို့ကို ဝိုင်းထားကြ၏။ ထိုအခါ ကောင်းကင်ဘုံမှ မီးကျလာ၍ သူတို့ကို လောင်ကျွမ်း၏။ Ver Capítulo |
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။