ဗျာဒိတ် 16:9 - မြန်မာ့စံမီသမ္မာကျမ်း9 လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။ Ver CapítuloCommon Language Bible9 လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။ Ver CapítuloGarrad Bible9 လူ တို့ လည်း အ လွန် ပူ ပြင်း ၍ ကျွမ်း လောင် ကြ ရာ ဘုန်း တော် ကို ချီး မွမ်း ရန် နောင် တ မ ရ ဘဲ ဤ ဘေး များ ကို အ စိုး ရ သော ဘု ရား သ ခင့် နာ မ တော် အား ပုတ် ခတ် ကြ ၏။ Ver CapítuloJudson Bible9 ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှာ နောင်တမရကြ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း9 လူတို့သည် ပြင်းထန်သော အပူရှိန်ကြောင့် လောင်ကျွမ်းခြင်းကို ခံရသဖြင့် ဤဘေးဒဏ်များကျရောက်စေရန် အခွင့်အာဏာရှိသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ သူတို့သည် နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုလည်း မချီးမွမ်းကြ။ Ver Capítulo |
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။