ဗျာဒိတ် 16:7 - မြန်မာ့စံမီသမ္မာကျမ်း7 ယဇ်ပလ္လင်ကလည်း “မှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ Ver CapítuloCommon Language Bible7 ထိုနောက်ယဇ်ပလ္လင်မှအသံက``အနန္တတန်ခိုးရှင် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင် တော်မူချက်တို့သည်မှန်ကန်၍တရားမျှတ ပါ၏'' ဟုလျှောက်ထားသည်ကိုငါကြားရ၏။ Ver CapítuloGarrad Bible7 ပူ ဇော် ရာ ပ လ္လင် တော် က လည်း ဟုတ် မှန် ပါ၏။ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ စီ ရင် တော် မူ ချက် များ သည် ဟုတ် မှန် ဖြောင့် မတ် ပါ၏ ဟု ထောက် ခံ သည် ကို ကြား ရ ၏။ Ver CapítuloJudson Bible7 ယဇ်ပလ္လင်ကလည်း၊ မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 ထို့နောက် “မှန်ပါ၏။ အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟူ၍ ယဇ်ပလ္လင်မှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။ Ver Capítulo |
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။