ဗျာဒိတ် 16:11 - မြန်မာ့စံမီသမ္မာကျမ်း11 လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။ Ver CapítuloCommon Language Bible11 မိမိတို့၏ဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုကျိန်ဆဲကြ ၏။ မိမိတို့၏အပြစ်များအတွက်နောင်တမရ ကြ။ Ver CapítuloJudson Bible11 မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 သူတို့သည် ခံစားရသောဝေဒနာနှင့် အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့၏အကျင့်ဆိုးများအတွက်လည်း နောင်တမရကြ။ Ver Capítulo |
ပါးရှားဘုရင်ကုရုမင်းကြီးမိန့်ဆိုသောစကားမှာ “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။ ကိုယ်တော်၏လူမျိုးတော်အဝင်ဖြစ်သောသူအားလုံး တစ်ယောက်မကျန် သူတို့နှင့်အတူ သူတို့၏ဘုရားသခင်ထာဝရဘုရားပါရှိလျက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြစေ”ဟူ၍ ဖြစ်၏။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။