Biblia Todo Logo
La Biblia Online
- Anuncios -




ဗျာ​ဒိတ် 14:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ​တို့​သည် ပလ္လင်​တော်​ရှေ့​၌​လည်းကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ရှေ့​၌​လည်းကောင်း သီချင်း​သစ်​ကို​သီဆို​ကြ​၏။ ကမ္ဘာ​မြေကြီး​ပေါ်မှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​မှတစ်ပါး မည်သူ​က​မျှ ထို​သီချင်း​ကို​မ​သင်ယူ​နိုင်​ပေ။

Ver Capítulo Copiar

Common Language Bible

3 ထို​သူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့ သည် ပလ္လင်​တော်​ရှေ့​၌​လည်း​ကောင်း၊ သက်​ရှိ သတ္တ​ဝါ​လေး​ပါး​နှင့်​အ​ကြီး​အ​ကဲ​များ​၏ ရှေ့​၌​လည်း​ကောင်း​ရပ်​လျက်​သီ​ချင်း​သစ်​ကို သီ​ဆို​ကြ​၏။ လူ​သား​အ​ပေါင်း​တို့​အ​ထဲ မှ​ရွေး​နုတ်​ကယ်​တင်​ခြင်း​ခံ​ရ​သူ၊ လူ​တစ် သိန်း​လေး​သောင်း​လေး​ထောင်​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​သူ​မျှ​ထို​သီ​ချင်း ကို​မ​သီ​ဆို​တတ်။-

Ver Capítulo Copiar

Garrad Bible

3 ပ လ္လင် တော် ရှေ့ သ တ္တ ဝါ လေး ပါး နှင့် အ ကြီး အ ကဲ တို့ ရှေ့ တွင် ဧ ချင်း သစ် ဖွဲ့ ဆို ကြ သည် ကို ကြား ရ၏။ ထို ဧ ချင်း ကို မြေ ကြီး မှ ဝယ် တော် မူ ပြီး ဖြစ် သူ၊ ထို တစ် သိန်း လေး သောင်း လေး ထောင် တို့ မှ တစ် ပါး မည် သူ မျှ သင်၍ မ ရ နိုင်။

Ver Capítulo Copiar

Judson Bible

3 ပ​လ္လင်​တော်​ရှေ့၌​လည်း​ကောင်း၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ​တို့ ရှေ့၌​လည်း​ကောင်း၊ သူ​တို့​သည် အ​သစ်​သော သီ​ချင်း​ကို ဆို​ကြ၏။ မြေ​ကြီး​မှ​ရွေး​နုတ်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင် မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​သီ​ချင်း​ကို သင်၍​မ​ရ​နိုင်။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို​တစ်သိန်း​လေးသောင်း​လေးထောင်သောသူတို့​သည် ဘုရားသခင်​၏ ရာဇပလ္လင်တော်၊ သတ္တဝါလေးပါး​နှင့် အကြီးအကဲတို့​ရှေ့​၌ သီချင်း​သစ်​ကို သီဆိုကြ၏။ ကမ္ဘာ​မြေကြီး​ပေါ်မှ ရွေးနုတ်​ကယ်တင်​ခံရသူ တစ်သိန်း​လေးသောင်း​လေးထောင်​မှလွဲ​၍ ထို​သီချင်း​ကို မည်သူ​မျှ မသီဆိုနိုင်။

Ver Capítulo Copiar




ဗျာ​ဒိတ် 14:3
17 Referencias Cruzadas  

အို ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ပါ​မည်​။ ဆယ်​ကြိုး​တပ်​စောင်းပြား​တီး​၍ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။


ဟာလေလုယ​။ ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီဆို​ကြ​လော့​။ သန့်ရှင်း​သူ​တို့​၏​အစုအဝေး​၌ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​လော့​။


ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့်​ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။ မိမိ​၏​ပဋိညာဉ်​တော်​ကို​လည်း သူ​တို့​အား သိ​စေ​တော်မူ​၏​။


ကိုယ်တော်​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​နှင့်တကွ ကျွမ်းကျင်​စွာ​တီးခတ်​ကြ​လော့​။


အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ရာ​သီချင်း​အသစ်​ကို​လည်း အကျွန်ုပ်​၏​နှုတ်​၌ သွင်းပေး​တော်မူ​၏​။ များစွာ​သော​လူ​တို့​သည် မြင်​၍​ကြောက်ရွံ့​လျက် ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လိမ့်မည်​။


ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ သီကျူး​ကြ​လော့​။


ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​ပြီ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​နှင့် ကိုယ်တော်​၏​သန့်ရှင်း​သော​လက်ရုံး​တော်​သည် ကိုယ်တော့်​အဖို့ ကယ်တင်​ခြင်း​အမှု​ကို ပြု​တော်မူ​ပြီ​။


ပင်လယ်​တွင်​သွားလာ​သော​သူ​တို့​မှစ၍ ပင်လယ်​ထဲရှိ​ရှိသမျှ​၊ ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​နှင့် ထို​အရပ်​တို့​၌​နေထိုင်​သော​သူ​ရှိရှိသမျှ​တို့​၊ ထာဝရဘုရား​အား အသစ်​သော​သီချင်း​ကို​သီဆို​ကြ​လော့​။ မြေကြီး​စွန်း​မှ ချီးမွမ်း​ကြ​လော့​။


အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။


ထို့နောက် ငါ​ကြည့်​လိုက်​ရာ သိုးသငယ်​တော်​သည် ဇိအုန်​တောင်​ပေါ်တွင်​ရပ်​နေ​၏။ သိုးသငယ်​တော်​၏​နာမ​နှင့် ခမည်းတော်​၏​နာမ​တို့​ကို မိမိ​တို့​နဖူး​၌​ရေး​ထား​သော​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည်​လည်း သူ​နှင့်အတူ​ရှိ​ကြ​၏။


သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။


ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး


ထို့နောက် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။ အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်စု​အားလုံး​ထဲမှ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos