ဗျာဒိတ် 14:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူတို့ခံရသည့်ညှဉ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍ သူ့အမည်၏အမှတ်တံဆိပ်ကိုခံယူသောသူသည် နေ့ရောညပါ သက်သာရာရလိမ့်မည်မဟုတ်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လေ၏။ Ver CapítuloCommon Language Bible11 ထိုမီးလျှံမှမီးခိုးသည် ထာဝစဉ်အထက် သို့တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကို ရှိခိုး၍ သားရဲ၏နာမည်တံဆိပ်နှိပ်ခြင်းခံရ သူအပေါင်းတို့သည် နေ့ရောညဥ့်ပါသက်သာ ရာရလိမ့်မည်မဟုတ်'' ဟုအသံကျယ်စွာ ကြွေးကြော်လေ၏။ Ver CapítuloGarrad Bible11 သား ရဲ နှင့် ရုပ် ပုံ ကို ရှိ ခိုး လျက် သား ရဲ အ မည် သ ညာ ကို ခံ သော ထို သူ တို့ ညှဉ်း ဆဲ ခြင်း အ ခိုး သည် နေ့ ညဥ့် မ စဲ က မ္ဘာ အ ဆက် ဆက် တက် လိမ့် မည်။ Ver CapítuloJudson Bible11 ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညမပြတ် သက်သာမရကြဟု၊ လိုက်၍ ကြီးသောအသံနှင့် ပြောဆို၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုသို့ သူတို့ခံရသည့် ညှဉ်းဆဲခြင်း၏မီးခိုးတို့သည် အစဉ်ထာဝရ အထက်သို့ တက်နေ၏။ သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍ သူ့အမည်၏ အမှတ်တံဆိပ်ကို ရိုက်နှိပ်ခံထားသောသူတို့သည် နေ့ညမပြတ် သက်သာရာရလိမ့်မည်မဟုတ်” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။ Ver Capítulo |