ဗျာဒိတ် 12:14 - မြန်မာ့စံမီသမ္မာကျမ်း14 သို့သော် ထိုအမျိုးသမီးသည် တောကန္တာရထဲရှိ မိမိ၏နေရာအရပ်သို့ ပျံသန်းသွားနိုင်ရန် ကြီးမားသောလင်းယုန်၏အတောင်နှစ်ခုကိုရရှိ၏။ သူသည် ထိုအရပ်တွင် မြွေ၏ရှေ့မှောက်မှလွတ်၍ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက်အတွင်း ပြုစုစောင့်ရှောက်ခြင်းကိုခံရ၏။ Ver CapítuloCommon Language Bible14 အမျိုးသမီးသည်တောကန္တာရရှိမိမိအရပ် သို့ပျံသန်းသွားနိုင်ရန် လင်းယုန်ကြီး၏အတောင် နှစ်ခုကိုရရှိထားသည်။ သူသည်ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ဘေးမှကင်းလွတ် လုံခြုံလျက်ပြုစုစောင့်ရှောက်ခြင်းကိုခံရ မည်ဖြစ်၏။- Ver CapítuloGarrad Bible14 တစ် ကာ လ၊ ကာ လ များ နှင့်၊ ကာ လ ဝက် ပတ် လုံး မြွေ ဘေး လွတ်၍ အ ကျွေး အ မွေး ခံ ရ မည့် တော နေ ရာ သို့ ပျံ နိုင် ရန် ရွှေ လင်း တ ကြီး အ တောင် တစ် စုံ ကို ခံ ယူ ရ ၏။ Ver CapítuloJudson Bible14 မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဖက်ကို ရလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 သို့သော် ထိုအမျိုးသမီးသည် တောကန္တာရ၌ မိမိအတွက် ပြင်ဆင်ထားသောနေရာသို့ ပျံသန်းနိုင်ရန် ဘုရားသခင်က သူ့အား လင်းယုန်အတောင်ပံတစ်စုံကို ပေးအပ်တော်မူ၏။ သူသည် နဂါးဘေးရန်မှ လွှတ်၍ ထိုအရပ်၌ သုံးနှစ်ခွဲတိုင်အောင် ပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။ Ver Capítulo |
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။