ဗျာဒိတ် 12:12 - မြန်မာ့စံမီသမ္မာကျမ်း
12 သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
Ver Capítulo Copiar
12 သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။
Ver Capítulo Copiar
12 သို့ ဖြစ်၍ အ ချင်း ကောင်း ကင် တည် နေ သ မျှ တို့၊ ရွှင် လန်း ကြ လော့။ ရေ မြေ ၌ မူ ကား ခေတ် အ နည်း ငယ် သာ ရ တော့ သည် ကို သိ သ ဖြင့် မာရ် နတ် အ မျက် ခြောင်း ခြောင်း ထွက် လျက် ကျ ရာက် ပြီ ဖြစ် သော ကြောင့် အ မင်္ဂ လာ ရှိ လေ စွ ဟု ကြွေး ကြော် သည် ကို ငါ ကြား ရ ၏။
Ver Capítulo Copiar
12 ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။
Ver Capítulo Copiar
12 ထို့ကြောင့် ကောင်းကင်ဘုံနှင့် ကောင်းကင်ဘုံ၌ စံမြန်းသောသူတို့… ရွှင်လန်းဝမ်းမြောက်ကြလော့။ သို့သော် ဤကမ္ဘာမြေကြီးနှင့် ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မိမိ၌ အချိန်အနည်းငယ်သာ ရှိကြောင်းကို သိ၍ ဒေါသကြီးစွာ သင်တို့ထံသို့ ဆင်းလာသောကြောင့်ဖြစ်၏” ဟု ပြောသည်ကို ကျွန်ုပ်ကြားရ၏။
Ver Capítulo Copiar